စစ်တပ်ထောက်ခံသူတွေကို အခြေခံစစ်သင်တန်းနဲ့ ထောက်လှမ်းရေး သင်တန်းပေးဖို့ စစ်ကောင်စီ ပြင်ဆင်နေ

စစ်တပ်ထောက်ခံသူတွေကို အခြေခံစစ်သင်တန်းနဲ့ ထောက်လှမ်းရေး သင်တန်းပေးဖို့ စစ်ကောင်စီ ပြင်ဆင်နေ

မွန်ပြည်နယ်က မြို့နယ်တချို့မှာ စစ်အုပ်စုထောက်ခံသူတွေနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့တွေကို အာဏာသိမ်းစစ်ကောင်စီက အခြေခံစစ်ပညာသင်တန်းပေးဖို့ စီစဉ်နေတယ်လို့ သံလွင်တိုင်းမ်သတင်းဌာနမှ စုံစမ်းသိရှိရပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်က ဖွဲ့စည်းပေးထားတဲ့အဖွဲ့တွေ၊ ဗျူစောထီးအဖွဲ့နဲ့ စစ်တပ်ထောက်ခံသူတွေကို အခြေခံစစ်ပညာသင်တန်းနဲ့ စုံစမ်းထောက်လှမ်းခြင်းသင်တန်းတွေကို ဖွင့်လှစ်ပေးနိုင်ဖို့ စီစဉ်နေတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဟိုတလော စစ်တပ်က ဖွဲ့စည်းပေးထားတဲ့အဖွဲ့ပါမယ်၊ ဗျူစောထီးအဖွဲ့ရယ်၊ အဓိကတော့ တပ်မတော်ထောက်ခံတဲ့သူတွေနဲ့ပေါ့၊ အခြေခံစစ်ပညာနဲ့ စုံစမ်းထောက်လှမ်းတဲ့ သင်တန်းတွေ ပေးဖို့ စီစဉ်နေတယ်”ဟု ၎င်းက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီက သင်တန်းတက်ရောက်မည့်လူဦးရေစာရင်းကို ပြုစုနေပြီး ယင်းသင်တန်းကို အောက်တိုဘာလ ပထမအပတ်အတွင်းမှာ စတင်ဖွင့်လှစ်သွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

အဆိုပါသင်တန်းတက်ရောက်သူများအနေနဲ့ သင်တန်းပြီးဆုံးပါက အခြေခံလစာခံစားခွင့် ရရှိမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

”သင်တန်းဆင်းရင် လခရမယ်၊ ဘယ်လောက်ရမလဲ တိတိကျကျမသိရဘူး၊ အခြေခံလစာပေးမယ်လို့ပဲ ပြောတယ်” ဟု ၎င်းက ပြောပါတယ်။

သင်တန်းပြီးဆုံးပါက စစ်ကောင်စီက စေခိုင်းမည့် မြေပြင်လှုပ်ရှားမှုတွေမှာ သင်တန်းတက်ရောက်ခဲ့သူတွေနဲ့အတူ ကျန်းမာရေးကောင်းမွန်တဲ့စစ်မှုထမ်းဟောင်းများနဲ့ ပြည်သူ့စစ်တွေလည်း ပူးပေါင်းပါဝင်လှုပ်ရှားကြမယ်လို့ သိရပါတယ်။

 
 

 

 

Most read this week

ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...