မော်လမြိုင်မှာ စစ်ကောင်စီ မီတာခလိုက်ကောက်

မော်လမြိုင်မှာ စစ်ကောင်စီ မီတာခလိုက်ကောက်

မော်လမြိုင်မြို့ပေါ် ရပ်ကွက်အများစုမှာ စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဝန်ထမ်း မီတာစာရေးတွေက မီတာခဆောင်ဖို့ မီတာဘေစာရွက်တွေ လိုက်လံပေးဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မီတာဘေ လိုက်လံပေးဆောင်ရာမှာ အချို့ရပ်ကွက်တွေမှာ ၅ လစာ မီတာခပေးဖို့ အကြောင်းကြားလာသလို အချို့ရပ်ကွက်တွေမှာ ၇ လစာ မီတာခပေးဖို့ တောင်းခံလာတာ ဖြစ်ပါတယ်။

မီတာခတွေကို သက်ဆိုင်ရာ မြို့နယ်ရုံးတွေမှာ သွားရောက် အခွန်ဆောင်ကြဖို့နဲ့ သတ်မှတ်ရက်အတွင်း မီတာခ မဆောင်ရင် မီးဖြတ်မယ်လို့ ခြိမ်းခြောက်လာနေတာပါ။

“မီးတာခ မသွင်းရင် မီးဖြတ်မှာကို ကြောက်ပြီး သွားသွင်းတဲ့ သူတွေတော့ရှိတယ် ရပ်ကွက်ထဲမှာပေါ့၊ တချို့ကတော့ သွားသွင်းရင် ကောင်းမလား သူများတွေရော သွင်းလားဆိုပြီး စောင့်ကြည့်နေတဲ့ သူလည်းရှိတယ်၊ ကျွန်မတို့တော့မသွင်းဘူး” လို့ မော်လမြိုင်မြို့ခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မီတာဘေ စာရွက်လာပေးရာမှာ မီတာခတွေကို တခါတည်း မသွင်းနိုင်ရင် သက်ဆိုင်ရာ လျှပ်စစ်ရုံးတွေနဲ့ ညှိနှိုင်းပြီး ခွဲဆောင်ကြဖို့ ပြောဆိုလာတာ ဖြစ်ပါတယ်။

မီတာဘေ စာရွက်လာပေးရာမှာလည်း အရင်က သုံးတာထက် ပိုမိုများပြားနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

“မီတာဘေစာရွက်တော့ ရောက်လာပြီး၊ ၇ လစာအတွက် ၄ သိန်းကျော်ကျတယ်တဲ့၊ အဲလောက်မှာ မသုံးထားတာ၊ ပေးဖို့တော့ အစီအစဉ်မရှိဘူး”လို့ မြို့ခံပြည်သူတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီဟာ သူရဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ဖို့အတွက် အခွန်ရရှိအောင် နည်းမျိုးစုံနဲ့ ဆောင်ရွက်နေတာ ဖြစ်သလို အခုအခါမှာတော့ မီတာခတွေကနေ အခွန် ရရှိဖို့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကတော့ အိမ်သုံးမီတာခတွေကို ခြွင်းချက်မရှိ ကင်းလွတ်ခွင့် (အခမဲ့) ပေးအပ်ထားသလို လုပ်ငန်းသုံးမီတာခတွေကိုလည်း ဆိုင်းငံ့ထားတယ်လို့ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။

 
 

 

 

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...