စစ်ကောင်စီတပ်သား ၂ ဦး KNU တပ်မဟာ (၁) ဆီ ဝင်ရောက်ခိုလှုံ

စစ်ကောင်စီတပ်သား ၂ ဦး KNU တပ်မဟာ (၁) ဆီ ဝင်ရောက်ခိုလှုံ
ပုံ – KNU တပ်မဟာ(၁)
ပုံ – KNU တပ်မဟာ(၁)

ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာရှိ စစ်ကောင်စီတပ်စခန်းမှ တပ်သား ၂ ဦး စက်တင်ဘာလ ၂၀ ရက်နေ့က KNU တပ်မဟာ (၁) ဘက်သို့ ဝင်ရောက်ခိုလှုံလာကြောင်း သိရပါတယ်။

CDM ပြုလုပ်လာရောက်ခိုလှုံသူ တပ်သား ၂ ဦးမှာ တပ်သား ရန်နောင်ဝင်းနှင့် တပ်သား ဇင်လင်းရန်တို့ နှစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

“ဒီနေ့ပဲ သူတို့ရောက်လာတာဖြစ်တယ်။ သူတို့ကို လုံခြုံတဲ့နေရာမှာ ထားထားပါတယ်။ လူချည်းပဲ ရောက်လာတာဖြစ်ပါတယ်။ လက်နက်မပါဘူး” လို့ KNU တပ်မဟာ (၁) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လေးကေကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့မှာ အင်အား (၉၅) ဦးရှိပြီး ခမရ(၄၀၆)တပ်ရင်းမှ တပ်ရင်းမှူးကျော်ကျော်လတ်နှင့် BGF တပ်မှ တပ်ခွဲမှူးကျော်လဲ့တို့ ဦးဆောင်လုပ်ကိုင်နေတာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ လေးကေကျေးရွာအခြေစိုက် ပူးပေါင်းအဖွဲ့ထံ လာရောက်ခိုနားခဲ့တဲ့ စစ်ကောင်စီနဲ့ BGF ပူးပေါင်းတပ်တွေက ကြသောင်းဆိပ်ကျေးရွာရှိ BGF တပ်စခန်းကို ရိက္ခာနဲ့တပ် အချိန်းပြောင်းလုပ်ဖို့ ထွက်ခွာသွားစဉ်မှာ မြစ်ကျိုးဒေသခံတွေကို ခေါ်ဆောင်သွားသေးတယ်လို့ သိရပါတယ်။

Most read this week

ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...