တက္ကသိုလ် ကျောင်းသားကျောင်းသူတွေကို စစ်ကောင်စီ ပစ်မှတ်ထားဖမ်းဆီးနေ

တက္ကသိုလ် ကျောင်းသားကျောင်းသူတွေကို စစ်ကောင်စီ ပစ်မှတ်ထားဖမ်းဆီးနေ
မေလအတွင်းက ထားဝယ်ပင်မသပိတ်စစ်ကြောင်း
မေလအတွင်းက ထားဝယ်ပင်မသပိတ်စစ်ကြောင်း

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိ ရေဖြူ၊ လောင်းလုံ၊ ထားဝယ်မြို့နယ်များအတွင်းရှိ တက္ကသိုလ်ကျောင်းသားကျောင်းသူများကို စစ်ကောင်စီတပ်က စက်တင်ဘာလမှာ ဆက်တိုက်ဖမ်းဆီးမှု ပြုလုပ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တက္ကသိုလ်ကျောင်းသားကျောင်းသူတွေကို ဖမ်းဆီးရမှာ နေအိမ်ကို တိုက်ရိုက်ရှာဖွေဖမ်းဆီးခြင်း၊ လမ်းခရီးများမှ ဖုန်းဆိုင်ကယ်များ စစ်ဆေးမှုပြုလုပ်ကာ ပစ်မှတ်ထား ဖမ်းဆီးနေတာဖြစ်ပါတယ်။

ထိုသို့ ဖမ်းဆီးရာမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် ပါဝင်ခြင်း၊ တော်လှန်ရေးအင်အားစုများကို ထောက်ပံကူညီခြင်းနှင့်မိသားစုဝင်များကို လာရောက်ဖမ်းဆီးရာတွင် ဖမ်းဆီးလိုသူနေအိမ်တွင် မရှိသည်ကို အကြောင်းပြ ဖမ်းဆီးခြင်းများပါဝင်တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်းက ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကိုစိုးပြည့်အောင်နှင့်အင်္ဂစာကျောင်းသူဟောင်း မစိုးမီမီကျော်တို့ ဖမ်းဆီးခံလိုက်ရပါတယ်။

“ဒီရက်ပိုင်းမှာ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေကို ပစ်မှတ်ထားတဲ့ပုံစံနဲ့ ဖမ်းဆီးလာတာတွေ့ရတယ်။ ဖမ်းဆီးတာကတော့ အကြောင်းအမျိုးမျိုးပြ

ဖမ်းဆီးနေတာပါဘဲ။ တော်တော်များများ အဖမ်းခံရတယ်လို့တော့ သိရတယ်။ အခြေခံကျောင်းက ကျောင်းသားကျောင်းသူ တွေတောင်ပါတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဖမ်းဆီးခံရထားရတဲ့ ကျောင်းသားကျောင်းသူ ၄၀ ဦးခန့်ရှိပြီး အချို့ကို ပြန်လွှတ်ပေးပြီး အချို့ကိုတော့ ဆက်လက်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ထားဝယ်မြို့နယ်မှာ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသူ ၂၀၀ ဦးကျော်ရှိနေပြီး ၅၀ ဦးခန့်ကို ထောင်တွင်းတရားရုံးတွေကနေတဆင့် ထောင်ဒဏ် ၂ နှစ်မှ ၄ နှစ်အထိ အမိန့်ချမှတ်ထားပါတယ်။

 
 

 

 

Most read this week

ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...