ပုသိမ်တွင် ကဗျာဆရာတစ်ဦး ထပ်မံဖမ်းခံရ

ပုသိမ်တွင် ကဗျာဆရာတစ်ဦး ထပ်မံဖမ်းခံရ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့က ကဗျာဆရာ လူစစ်နိုင် (ကိုတင်ကိုထက်) ခေါ် ဂေး ကို စက်တင်ဘာလ ၁၆ ရက်နေ့ ည ၁၂ နာရီ ဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

ပုသိမ်မြို့၊ အမှတ် ၆ ရပ်ကွက်၊ ကုသိနာရုံ အတွင်းလမ်းရှိ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်အားသုံး ချိုးဖျက်ဝင်ရောက်ကာ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု လမ်းအတွင်းနေထိုင်သူအချို့က ပြောသည်။

"လမ်းထဲက အခြားတစ်ယောက်ကို လာဖမ်းတာကို သူ (ကိုလူစစ်နိုင်) က လာဖမ်းနေပြီ ထွက်ပြေးဆိုပြီး ဖုန်းဆက်ပြောလို့ ဖမ်းခံရတာပါ" ဟု ၎င်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။

တစ်လမ်းထဲနေ ကိုအောင်မြင့်မြတ်ဆိုသူကို စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးခြင်းဖြစ်ပြီး ယမန်နေ့ညက အဖမ်းခံရသည့် ကဗျာဆရာ လူစစ်နိုင်ကို မည်သည့်နေရာသို့ ဖမ်းဆီးထိန်းသိမ်းထားသည်ကို မသိရသေးဟု အဆိုပါ မိသားစုဝင်က ဆက်ပြောသည်။

ကဗျာဆရာ လူစစ်နိုင်သည် ပုသိမ်မြို့၏ ဖမ်းဆီးခံရသည့် ဒုတိယမြောက် ကဗျာဆရာတစ်ဦးဖြစ်ပြီး မတ်လ ၂၉ ရက်နေ့က ဖမ်းဆီးခံထားရသည့် ကဗျာဆရာ လူဖန်ခါးကိုလည်း ယနေ့ထိ ပြန်လည်လွှတ်ပေးခြင်းမရှိသေးဟု ပုသိမ်မြို့ခံ ကဗျာဆရာ အသိုင်းအဝန်းက သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ပုသိမ်မြို့ခံ ၁၀၀ ဝန်းကျင်ခန့် ဖမ်းဆီးခံထားရကြောင်း သိရသည်။

May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...