မယ်လဒုက္ခသည်စခန်းရှိ ဒုက္ခသည် ၄,၀၀၀ ဦးကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးမည်

မယ်လဒုက္ခသည်စခန်းရှိ ဒုက္ခသည် ၄,၀၀၀ ဦးကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးမည်

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်း၌ လာမည့် စက်တင်ဘာ ၂၀ ရက်နေ့တွင် စခန်းအတွင်းရှိ ဒုက္ခသည် ၄,၀၀၀ ဦးကို ကိုဗစ်ကာကွယ်ဆေး ကနဦး ထိုးနှံပေးသွားမည်ဟု စခန်းဥက္ကဌ စောအောနက်က ပြောသည်။

ကာကွယ်ဆေးထိုးပေးရန်အတွက် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ကျန်းမာရေးတာဝန်ရှိသူများ၊ စခန်းအတွင်းရှိ ကျန်းမာရေးအဖွဲ့အစည်းများ၊ လုံခြုံရေးအဖွဲ့အစည်းများနှင့် စခန်းတာဝန်ရှိသူများ ကာကွယ်ဆေး ထိုးနှံရေး အစည်းအဝေးကို စက်တင်ဘာ ၁၅ ရက်နေ့တွင် ကျင်းပခဲ့ပြီးနောက် စခန်းရှိသူများကို အုပ်စု ၃ စုခွဲကာ လူဦးရေ ၄,၀၀၀ ကို ကနဦး ထိုးနှံပေးသွားမည်ဟု စခန်းဥက္ကဌ စောအောနက်က ယခုလိုပြောသည်။

“ဒီအစီအစဉ်က ဘုရင့်သမီးတော်ကနေ လှူတာ။ ပထမဦးဆုံးအနေနဲ့ လူဦးရေ လေးထောင်ကို ရွေးချယ်လိုက်တယ်။ အဲ့ဒါလူစာရင်းကလည်း စခန်းတွင်းက IRC မှာ စာရင်းကောက်ထားပြီးသား။ အဲ့မှာ သုံးအုပ်စု ခွဲထားတာပေါ့။ ပထမက အသက် ၆၀ အထက် လူအုပ်စုနဲ့ နာတာရှည်ရောဂါသည်အုပ်စုရယ်၊ နောက် ကိုယ်ဝန်ဆောင်အုပ်စုဆိုပြီး ရွေးချယ်ထိုး ပေးသွားမယ်။” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

လက်ရှိတွင် ကာကွယ်ဆေး ထိုးပေးမည့်သူများကို ယနေ့ စက်တင်ဘာ ၁၇ ရက်နေ့တွင် လိုက်လံအသိပေးထားလိုက်ပြီးဖြစ်သလို စက်တင်ဘာ ၂၀ ရက်တွင် စခန်းရှိ ကျန်းမာရေးတာဝန်ရှိသူများက ဦးဆောင်ထိုးနှံပေးသွားမည်ဖြစ်သည်။

လက်ရှိ စခန်းအတွင်းနေထိုင်သူ လူဦးရေမှာ သုံးသောင်းဝန်းကျင်ခန့်ရှိသလို လူ ၄,၀၀၀ ဦးကို ကနဦး ထိုးနှံပေးပြီးနောက် ကျန်ရှိသူများကို ဆက်လက် ထိုးနှံပေးနိုင်ရေးအတွက် ဆွေးနွေးသွားရန် စီစဉ်နေသည်ဟု စခန်းတာဝန်ရှိသူများက ဆိုသည်။

လက်ရှိ မယ်လဒုက္ခသည်စခန်းတွင် ကိုဗစ်ကူးစက်ခံရသူ အပါအဝင် ထိတွေ့လူနာအားလုံးပေါင်း ၃၀၀ ဦးကျော်ရှိပြီး ကိုဗစ်ကြောင့် စခန်းအတွင်း နေထိုင်သူ ၄ ဦး သေဆုံးခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်တွင် ကရင်နှင့် ကရင်နီဒုက္ခသည်စခန်း ၉ ခုရှိသည့်အနက် လက်ရှိ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုကို လူဦးရေအများဆုံးရှိနေသည့် မယ်လဒုက္ခသည်စခန်း၌ ပထမဦးဆုံး ထိုးနှံပေးခြင်းဖြစ်သည်။

May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...