မြစ်ကျိုးကျေးရွာမှ ကျေးရွာသား ၁၁ ဦးကို စစ်ကောင်စီတပ်တွေ ခေါ်ဆောင်သွား

မြစ်ကျိုးကျေးရွာမှ ကျေးရွာသား ၁၁ ဦးကို စစ်ကောင်စီတပ်တွေ ခေါ်ဆောင်သွား
ကေအဲန်ယူ-ဒူးသထူ သထုံခရိုင်
ကေအဲန်ယူ-ဒူးသထူ သထုံခရိုင်

ဘီးလင်းမြို့နယ်၊ မြစ်ကျိုးကျေးရွာမှာ ယာယီအခြေချနေတဲ့ စစ်ကောင်စီတပ်တွေက စက်တင်ဘာလ ၁၄ ရက်နေ့က ကြသောင်းဆိပ်ကျေးရွာဘက် ထွက်ခွာချိန်မှာ ကျေးရွာသား ၁၁ ဦးကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ခေါ်ဆောင်သွားခံရသူများမှာ ကျေးရွာရပ်မိရပ်ဖ ၆ ဦးနဲ့ ထော်လာဂျီယာဉ် ၅ စီး (ယာဉ်မောင်း ၅ ဦး) စုစုပေါင်း ၁၁ ဦးဖြစ်တယ်လို့ သိရပါတယ်။

“ရွာထဲက ရပ်မိရပ်ဖတွေနဲ့ ထော်ဂျီယာဉ်တွေကို အတင်းခေါ်သွားတယ်။ ယာဉ်မောင်းတွေလဲ ပါသွားတယ်။ မနေ့က သူတို့အဖွဲ့တွေ ကြိုးဝိုင်းကျေးရွာနားမှာ ပစ်ခတ်မှုလုပ်သေးတယ်လို့ သိရတယ်။ ပါသွားသူတွေအတွက် စိုးရိမ်နေရတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ BGF ပူးပေါင်းတပ်ဖွဲဟာ ကြသောင်းဆိပ်ကျေးရွာရှိ အမှတ် (၁၀၁၃) BGF တပ်စခန်းကို ရိက္ခာပို့ဖို့နဲ့ တပ်ချိန်းပြောင်းရန်အတွက် ထွက်ခွာလာတာဖြစ်ပါတယ်။

စက်တင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်းက မြစ်ကျိုးက ထွက်လာတဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီပူးပေါင်းအဖွဲ့ဘက်မှ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။

May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...