ကျိုက်ထီးရိုးတောင်ပေါ်မှာ စစ်ကောင်စီတပ်စွဲထားပြီး ဆင်ချောက်ရွာ လျှပ်စစ်မီးဖြတ်တောက်ခံရ

ကျိုက်ထီးရိုးတောင်ပေါ်မှာ စစ်ကောင်စီတပ်စွဲထားပြီး ဆင်ချောက်ရွာ လျှပ်စစ်မီးဖြတ်တောက်ခံရ

ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာရှိ ကျိုက်ထီးရိုးတောင်ပေါ်မှာ စစ်ကောင်စီတပ်စွဲထားပြီးနောက် တောင်အနီးက ဆင်ချောက်ရွာကို စက်တင်ဘာလ ၁၄ ရက်နေ့မှစတင်ပြီး ကျိုက်ထီးရိုးဂေါပကအဖွဲ့မှ လျှပ်စစ်မီး ဖြတ်တောက်ထားတယ်လို့ သိရပါတယ်။

ဆင်ချောက်ကျေးရွာဟာ ကျိုက်ထီးရိုးတောင် ရဟတ်ယာဉ်ကွင်းဘက်အနီးရှိ ကျေးရွာဖြစ်ပါတယ်။

ကျိုက်ထီးရိုးတောင်ပေါ်မှာ စက်တင်ဘာလ ၁၀ ရက်နေ့ကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ကျော် ဒုတိယအကြိမ်ရောက်ရှိပြီး တပ်စွဲနေတာ ဖြစ်ပါတယ်။

“တပ်က ခုတစ်ကြိမ်လာတာ ဒုတိယအခေါက်ပေါ့။ ပထမအခေါက်က လာပြီ ပြန်ဆင်းသွားတယ်။ တပ်ကအဖွဲ့တွေက ခုလောလောဆယ်တော့ သူဟာသူနေနေတာတော့တွေ့တယ်။ နောက်တော့ဘယ်လိုလာမလဲ မသိသေးဘူး။ မနေ့က တောင်ပေါ်ကို နယ်လုံလာသွားတယ်။ သူပြန်သွားတာနဲ့ဆင်ချောက်က လျှပ်စစ်မီးမရတော့ဘူး။ ခုချိန်က နိုင်ငံရေးက အခြေနေမကောင်းတော့ ညရေးညတာ လျှပ်စစ်မီးမရှိရင် ဘယ်သူဘယ်ဝါမသိရလို့ ကိုယ့်မိသားစုလုံခြုံရေးအတွက် စိုးရိမ်နေရတယ်။ ပြီးတော့ မီးမရှိရင် ရေတင်ဖို့အခက်ခဲ၊ ဖုန်းအားသွင်းလို့မရရင် သတင်းအချက်လက်တွေလည်း မသိရတော့ဘူး။ ခု မီးဖြတ်ခံထားရတာ ဆင်ချောက်တစ်ရွာဘဲ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဆင်ချောက်ကျေးရွာမှာ ကျိုက်ထီးရိုးဂေါပကအဖွဲ့က ပေးသော လျှပ်စစ်မီးကိုသာ အသုံးပြုနေရတာဖြစ်ပြီး ယခု လျှပ်စစ်မီးဖြတ်ခံရသည်မှာ ဒုတိယအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

NLD အစိုးရလက်ထက် ကိုဗစ်-၁၉ ပထမလှိုင်းကာလအတွင်းမှာလည်း ကျိုက်ထီးရိုး တောင်ပိတ်ချိန်မှာ တစ်တောင်လုံးအတိုင်းအတာနဲ့ လျှပ်စစ်မီးဖြတ်တောက် ခံခဲ့ရပါတယ်။

သြဂုတ်လ ၂၉ ရက်နေ့ကလည်း ကျိုက်ထီးရိုး ရေတံခွန်လမ်း ဝိဇ္ဇာတောင်အနီး တောတွင်းမျှစ်ချိုးသွားသော ဒေသခံလူငယ်တစ်ဦး မိုင်းထိပြီးနောက် ဒေသခံတွေက တောတွင်း လုပ်ကိုင်ရှာဖွေစားသောက်မှုလုပ်ငန်းတွေကို မသွားရဲတော့ဘူးလို့ ဆိုပါတယ်။

May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...