မြောင်းမြတွင် PDF ဟုဆိုကာ လူ ၃ ဦး ဖမ်းခံရ

မြောင်းမြတွင် PDF ဟုဆိုကာ လူ ၃ ဦး ဖမ်းခံရ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့အဝင် စစ်ဆေးရေးဂိတ်တွင် PDF ဟုစွပ်စွဲကာ အမျိုးသား ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားသည်ဟု သိရသည်။

မြောင်းမြမြို့တွင် နေထိုင်သူများဖြစ်သည့် အသက် ၃၆ နှစ်အရွယ် ကိုဝေမွန်ကျော်၊ အသက် ၃၇ နှစ်အရွယ် ကိုဝင်းမင်းအောင်နှင့် ထောက်ကြံ့မြို့တွင်နေထိုင်သူ အသက် ၄၃ နှစ်အရွယ် ကိုမျိုးလွင်ဦးတို့ကို စက်တင်ဘာ ၁၃ ရက်နေ့ (ယမန်နေ့) ည ၉ နာရီခွဲအချိန်ခန့်က ကွယ်လွယ်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးထားခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

"ကရင်ပြည်နယ်မှာ စစ်သင်တန်းတက်နေတယ်လို့ သင်္ကာမကင်းတဲ့ ဝေမွန်ကျော် ခေါ် နိုင်ဝင်း ကရင်ဘက်ကပြန်လာမယ် သတင်းရထားလို့ ပိတ်ဆို့စစ်ဆေးတာမှာ ဖမ်းမိတာပါ" ဟု ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်မှ မြောင်းမြသို့ ပြန်လာခြင်းဖြစ်ကြောင်း ဖမ်းခံရစဉ်က မည်သည့်လက်နက်မှမပါပဲ အဖမ်းခံခြင်းကြောင်း ဖမ်းဆီးခံရသူများ၏ မိသားစုဝင်အချို့ ပြောသည်။

မိသားစုဝင်တစ်ဦးက ၎င်းကြားသိရသည့် အခြေအနေနှင့်ပတ်သက်၍ "အလုပ်သွားလုပ်ပြီး ကိုယ့်မြို့ကိုယ် ပြန်လာတာပါ၊ အရင်ကတော့ ဆန္ဒပြပွဲတွေမှာ လိုက်ဖူးတာတော့ ရှိတာပေါ့။ အဲ့ဒါကို ဒလန်က မဟုတ်တဲ့သတင်းပေးတာပါ" ဟု ပြောသည်။

ကိုဝင်းမင်းအောင် (ခေါ်) သားကြီး မောင်းနှင်လာသည့် Hilux Surf ကို တားဆီးစစ်ဆေးရာမှ ဖမ်းဆီးရမိခြင်းဖြစ်ပြီး ယင်းတို့ ၃ ဦးအား သက်ဆိုင်ရာက စစ်ဆေးနေဆဲဖြစ်ကြောင်းသာ မိသားစုဝင်များက သိသည်ဟုဆိုသည်။

စက်တင်ဘာလ ၁၃ ရက်နေ့ညက ဖမ်းဆီးခံရသူ ၃ ဦးနှင့် ယနေ့အချိန်ထိ မိသားစုဝင်များသည် တိုက်ရိုက် အဆက်အသွယ်မရသေးဘူးဟု မိသားစုဝင်များ၏ ပြောပြချက်အရ သိရသည်။

 
 

 

 

May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...