ကိုဗစ်ချေးငွေနဲ့ ဝန်ထမ်း ချေးငွေ ပြန်ဆပ်ဖို့ ဆိုင်းငံ့

ကိုဗစ်ချေးငွေနဲ့ ဝန်ထမ်း ချေးငွေ ပြန်ဆပ်ဖို့ ဆိုင်းငံ့

NLD အစိုးရ လက်ထက်က စီးပွားရေးလုပ်ငန်းတွေအပေါ် ထုတ်ချေးပေးထားတဲ့ ချေးငွေနဲ့ နိုင်ငံဝန်ထမ်းချေးငွေကို ပြန်ဆပ်ကာလ ၆ လ နောက်ဆုတ်ပေးလိုက်တယ်လို့ အာဏာသိမ်းစစ်ကောင်စီ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံဝန်ထမ်းတွေကို ထုတ်ချေးပေးခဲ့တဲ့ အတိုးမဲ့ချေးငွေ ၂ လစာကို အောက်တိုဘာလကစပြီး ပြန်ဆပ်ဖို့ စစ်ကောင်စီက ထုတ်ပြန်ပြီးနောက် စက်တင်ဘာ ၁၂ ရက်နေ့မှာ ၆ လ နောက်ပြန်ဆုတ်ပေးလိုက်ကြောင်း ကြေညာလိုက်တာပါ။

ဒါ့အပြင် စီးပွားရေးလုပ်ငန်းရှင်တွေကို ထုတ်ချေးငွေခဲ့တဲ့ ကိုဗစ်ချေးငွေတွေကိုလည်း နောက်ထပ် ၆ လ ပြန်ဆုတ်ပေးလိုက်တယ်လို့ စစ်ကောင်စီက စက်တင်ဘာ ၁၁ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီက စီးပွားရေးလုပ်ငန်းရှင်အနေနဲ့ ကိုဗစ်ချေးငွေကို စက်တင်ဘာလကုန်မှာ အတိုးရော၊ အရင်းရော တစ်ပါတည်းပေးဆပ်ကြဖို့နဲ့ ပြန်မဆပ်ရင် အရေးယူမယ်လို့ ခြိမ်းခြောက်ခဲ့ပြီးနောက် ပြန်ဆပ်ကာလ နောက်ပြန်ဆုတ်ပေးခဲ့တာ ဖြစ်ပါတယ်။

“မဆပ်နိုင်ဘူးဆိုတာက အာဏာသိမ်းပြီး ကတည်းက လုပ်ငန်းက မလည်နိုင်တော့တာပဲ၊ အဓိကကတော့ စီးပွားရေးလုပ်ငန်းတွေ နာလံပြန်ထူနိုင်အောင်ပဲ အရင်လုပ်ပေးသင့်တယ်” လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ လက်ရှိမှာတော့ ကိုဗစ်သက်ရောက်မှုကြောင့် ထိခိုက်ခဲ့တဲ့ မွေးမြူရေးလုပ်ငန်းတွေအနေနဲ့ ချေးငွေလျှောက်ထားနိုင်တယ်လို့ စက်တင်ဘာ ၁၂ ရက်နေ့မှာ ကြေညာထားပါတယ်။

 
 

 

 

May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...