(၂) လနီးပါး ပိတ်ထားတဲ့ စစ်ကောင်စီ လက်အောက်ခံ ကညနရုံးတွေ ပြန်ဖွင့်

(၂) လနီးပါး ပိတ်ထားတဲ့ စစ်ကောင်စီ လက်အောက်ခံ ကညနရုံးတွေ ပြန်ဖွင့်

မွန်ပြည်နယ်မှာ (၂) လနီးပါး ပိတ်ထားတဲ့ စစ်ကောင်စီ လက်အောက်ခံ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) ရုံးတွေကို ဒီကနေ့ စက်တင်ဘာလ (၁၃) ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ပြီးဖြစ်တယ်လို့ သိရပါတယ်။

ကညန ရုံးတွေကိုတော့ ကိုဗစ်ကပ်ရောဂါ အခြေအနေတွေကြောင့် စစ်ကောင်စီက နိုင်ငံတော်ရဲ့ အများပြည်သူ ရုံးပိတ်ရက် အဖြစ်သက်မှတ် လိုက်တဲ့နေ့ ဇူလိုင်လ (၁၇) ရက်ကနေ့ စတင်ပိတ်ခဲ့ပြီး စက်တင်ဘာလ (၁၂) ရက်နေ့ထိ ပိတ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ မော်တော်ယာဉ်သက်တမ်းတိုးတာတွေ၊ မော်တော်ယာဉ် ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းတွေနဲ့ တခြားဝန်ဆောင်မှုလုပ်ငန်းတွေကို လုပ်ဆောင်ပေးနေတယ်လို့ မွန်ပြည်နယ် ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

“အခုက မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် သက်တမ်းတိုးခြင်း၊ မော်တော်ဆိုင်ကယ်များ ကနဦးမှတ်ပုံတင်ခြင်းနဲ့ တခြားမှတ်ပုံတင် ဝန်ဆောင်မှု လုပ်ငန်းတွေပေါ့။ အဲ့တာပဲလုပ်သေးတယ်၊ ယာဉ်မောင်းလိုင်စင် အသစ်ထုတ်ပေးတာတွေကိုတော့ ရုံးချုပ်က ပြန်လုပ်ပါလို့ အမိန့် မလာသေးဘူး၊ ယာဉ်မောင်းလိုင်စင်မှာတော့ အမောင်းသင်လိုင်စင်အသစ်ထုတ်ပေးခြင်း အဲ့တာတော့ လုပ်ပေးနေတယ်” လို့ မွန်ပြည်နယ် ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ကညနက ဝန်ဆောင်မှုလုပ်ငန်းတွေကို ဆောင်ရွက်ပေးတဲ့နေရာမှာ ကိုဗစ်ကပ်ရောဂါအခြေအနေတွေကြောင့် လူဦးရေကန့်သတ်ပြီး တုံကင်စနစ်နဲ့ လုပ်ဆောင်ပေးနေသလို လုံခြုံရေးအတွက်လည်း အဝင်တွေမှာ လုံခြုံရေးတွေချထားပြီး ဆောင်ရွက်ပေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။

“ကညနရုံးမှာ လုပ်ပေးနေတာတော့ တွေ့တယ်၊ အခုပြန်ဖွင့်တယ်ဆိုတော့ လူတော့များတာပေါ့၊ တုံကင်ဆိုလည်း အဲ့ဒီက ပွဲစားတွေပဲ အရများတာပေါ့၊ ကျွန်တော်တို့က လူများတော့ ရောဂါကူးမှာရယ် နောက်ပြီး ဗုံးပေါက်တာတွေဘာတွေဖြစ်မှာဆိုးလို့ သွားမလုပ်ရသေးဘူး” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ ကညနကဆောင်ရွက်ပေးမှု အနေဖြင့် တစ်ရက်ကို ကားအစီးရေ (၁၀၀) နဲ့ (၁၅၀) ကြား ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

မော်တော်ဆိုင်ကယ်အနေနဲ့ အနည်းဆုံး အစီးရေ (၃၀၀) ကနေ အများဆုံး (၁၀၀၀) ကြား ဆောင်ရွက်ပေးနေပြီး အမောင်းသင်လိုင်စင်ကိုတော့ အနည်းဆုံး (၅) စောင်နဲ့ အများဆုံး (၃၀) ကြား လုပ်ပေးနေတယ်လို့ သိရပါတယ်။

ယနေ့မှစပြီး နိုဝင်ဘာလ (၃၀) ရက်နေ့အတွင်း လာလုပ်သူတွေကိုတော့ ရက်လွန်ဒဏ်ကြေးလျှော့ပေါ့ပေးမှာဖြစ်ပြီး အဲ့ဒီနောက်ပိုင်း လာလုပ်သူတွေကတော့ ပုံမှန်အတိုင်း ရက်လွန်ဒဏ်ကြေးဆောင်ရမယ်လို့ ကညနက ထုတ်ပြန်ထားပါတယ်။

May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...