မြစ်ကြီးနား Mytel တာဝါတိုင်ကို သေနတ်ကိုင်စစ်သားများ ကင်းစောင့်

မြစ်ကြီးနား Mytel တာဝါတိုင်ကို သေနတ်ကိုင်စစ်သားများ ကင်းစောင့်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ Mytel တာဝါတိုင်ကို စစ်ကောင်စီတပ်သားများက သေနတ်များလွယ်၍ ကင်းစောင့်နေကြသည်ဟု ရမ်ပူရပ်ကွက်နေသူများက ပြောသည်။

 

စက်တင်ဘာလ ၁၀ ရက်နေ့ကစတင်၍ မြစ်ကြီးနား ရမ်ပူရပ်ကွက်၊ နယ်မြေ ၂၄ အတွင်းရှိ စစ်ကောင်စီတပ်သားများက နေ့ရောညပါ ကင်းစောင့်နေကြပြီး ညဘက်တွင် အင်အားပိုများကြောင်း ရမ်ပူက ပြည်သူတစ်ဦးက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆက်သွယ်ရေးလုပ်သားတစ်ဦးကလည်း "အဲ့ဒါ အဓိက မိန်းဆိုဒ်ပဲ အဲ့ဒီစက်ခန်းထိရင် မြစ်ကြီးနားတစ်မြို့လုံးက Mytel ဆက်သွယ်ရေးလိုင်းတွေ ပျက်မယ်။ အဲ့ဒါကြောင့် စောင့်ကြတာထင်တယ်" ဟု ပြောသည်။

မြန်မာတစ်နိုင်ငံလုံးရှိ စစ်တပ်အုပ်စုပိုင် ဆက်သွယ်ရေးတာဝါတိုင်များ ဖောက်ခွဲဖျက်ဆီးခံရပြီးနောက် MPT နှင့် Mytel ဆက်သွယ်ရေးတာဝါတိုင်များကို လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ရန် စစ်ကောင်စီ၏ လျှို့ဝှက်ညွှန်ကြားစာတစ်စောင်လည်း လူမှုကွန်ယက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ 'လှည်းနေလှေအောင်း မြင်းဇောင်းပါမကျန်' ပြည်သူ့တော်လှန်ရေး စတင်ပြီဖြစ်ကြောင်း ကြေညာပြီး ရက်သတ္တပတ်ခန့်အတွင်း စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီးတို့အပါအဝင် ပြည်နယ်နှင့် အခြားတိုင်းဒေသကြီးအချို့တွင် Mytel ဖုန်းတာဝါတိုင်များ အပါအဝင် ဆက်သွက်ရေးတာဝါတိုင် ၈၀ ကျော်ခန့် ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည်။

ပုံဟောင်း (တပ်မတော်လေ)
August 3, 2026
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာအနီးတွင် ယနေ့ (ဩဂုတ်လ ၃ ရက်)...
August 3, 2026
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ ကိုယ်စားလှယ်တစ်ဦးသည် ဩဂုတ်လ ၃ ရက်နေ့တွင် နိုင်ငံတော်...
ဓါတ်ပုံ - RSM
August 3, 2026
ကချင်ပြည်အတွင်းက ဗန်းမော်၊ ရွှေကူနှင့် ခေါင်လန်ဖူးဒေသများတွင် တိုက်ပွဲများ အပြင်းအထန်...
August 3, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC...