မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်များ စားနပ်ရိက္ခာပြတ်လတ်မှုမကြုံစေရဟု ဝန်ကြီး Dr.R Lalthangliana ပြော

မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်များ စားနပ်ရိက္ခာပြတ်လတ်မှုမကြုံစေရဟု ဝန်ကြီး Dr.R Lalthangliana ပြော

စစ်ရေးပဋိပက္ခကြောင့် မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်လာကြသည့် မြန်မာ စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာပြန်လပ်မှုမကြုံစေရပဲ အစိုးရအနေဖြင့် တတ်နိုင်သည့်ဘက်မှ ကူညီပံပိုးပေးသွားမည်ဟု မီဇိုရမ်ပြည်နယ် ကျန်းမာရေးဝန်ကြီး Dr. R Lalthangliana ကပြောသည်။

ချင်းပြည်နယ် ထန်တလန်မြို့နယ် အိန္ဒိယ-မြန်မာနယ်စပ်တွင်တည်ရှိသည့် Lungler ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသားတပ်ဦး CAN/CDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ဂျက်လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ပိုင်းတွင် Lungler ကျေးရွာနှင့် အနီးနားကျေးရွာမှ ဒေသခံပြည်သူများသည် တဖက် အိမ်နီးချင်း မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်ရှောင်းနေကြရသည်။

အဆိုပါတိုက်ပွဲကြောင့် ချင်းပြည်သူ စစ်ဘေးရှောင် ၁၀၀၀ ကျော် မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးတိမ်းရှောင်လာပြီး မီဇိုရမ်ပြည်နယ် Hnahthial ခရိုင် Cherhlun ကျေးရွာတွင် (80), New Ngarchhip ကျေးရွာတွင် (250), Old Ngarchhip ကျေးရွာတွင် (60), Thingsai ကျေးရွာတွင် (700) နှင့် Bualpui ‘H’ ကျေးရွာတွင် (108) ဦး စသဖြင့် အသီးသီးပြန့်နှံ့နေထိုင်ကြသည်။

မီဇိုရမ်ပြည်နယ် Hnahthial ခရိုင်အတွင်း ထွက်ပြေးတိမ်းရှောင်လာသော စစ်ဘေးရှောင်ပြည်သူများကို Hnahthial မြို့နယ် လွှတ်တော်အမတ် လက်ရှိ မီဇိုရမ်ပြည်နယ် ကျန်းမာရေးဝန်းကြီး Dr.R.Lalthangliana က ချက်ချင်းကူညီဆောင်မှုပြုလုပ်ခဲ့သည်။

Dr.R.Lalthangliana က “ကျနော့်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်လာသော စစ်ဘေးရှောင်တွေအတွက် စိတ်မကောင်းဖြစ်ရပါတယ်၊ ဘယ်သူမှစားနပ်ရိက္ခာပြတ်လတ်မှုခံမှာမဟုတ်ဘူး၊ လိုအပ်သလို ကူညီဆောင်ရွက်ပေးသွားမယ်။” လို့ ပြောသည်။

Hnahthial ခရိုင်းအတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ဆန် (ကားနှစ်စီးစာ)၊ ပဲ (၁၆ အိတ်)၊ ဆီ (၁၆ ဖာ)၊ မိုးကာအပြင်၊ စစ်ဘေးရှောင်ပြည်သူများ ကျန်းမာရေးစစ်ဆေးဖို့ Cherhlun PHC, Thingsai PHC နှင့် Hnahthial မြို့ နယ်ဆေးရုံးမှ ကျန်းမာရေးဝန်ထမ်းများ သွားရောက်ဖို့ Dr.R.Lalthangliana ပြောကြားခဲ့သည်။

မီဇိုရမ်ပြည်နယ်ထဲမှာ ချင်းပြည်နယ်ဝန်ကြီးချုပ်နဲ့ လွှတ်တော်အမတ် ၁၄ ဦး အပါအဝင် မြန်မာနိုင်ငံက လာရောက်ခိုလှုံ နေသူ မြန်မာနိုင်ငံသား စစ်ဘေးရှောင် ၉၀၀၀ ကျော်ရှိသည်။

 
 

 

 

February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...