ပြည်နယ်ရှိ မြို့ကြီးများတွင် မော်တော်ယာဉ် မှန်စတေကာအမဲ မတပ်ဆင်ရန် စစ်ဆေးသတိပေး

ပြည်နယ်ရှိ မြို့ကြီးများတွင် မော်တော်ယာဉ် မှန်စတေကာအမဲ မတပ်ဆင်ရန် စစ်ဆေးသတိပေး

ကရင်ပြည်နယ်အတွင်းရှိ မြို့ကြီးများတွင် မော်တော်ယာဉ်သုံးစွဲသည့် ပြည်သူများအနေဖြင့် မှန်စတေကာ အမဲရောင် မတပ်ဆင်ရန် စစ်ကောင်စီက စစ်ဆေးသတိပေးမှုများ ပြုလုပ်နေသည်ဟု ကိုယ်တိုင်ကြုံခဲ့ရသူများက ပြောသည်။

အဆိုပါ မော်တော်ယာဉ်များတွင် မှန်စတေကာအမဲ တပ်ဆင်ထားခြင်းရှိ/မရှိ စစ်ဆေးခြင်းကို စက်တင်ဘာ ၁၃ ရက်နေ့တွင် ဖားအံ၊ ကော့ကရိတ်၊ မြဝတီမြို့များတွင် ပြုလုပ်နေခြင်းဖြစ်ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတဦးက ကေအိုင်စီသို့ ပြောသည်။

ထိုသို့ စစ်ဆေးရာတွင် မော်တော်ယာဉ်၌ မှန်စတေကာအမဲ တပ်ဆင်ထားပါက ဖြုတ်သိမ်းခိုင်းကြောင်း ပထမအကြိမ် စစ်ဆေးသတိပေးပြီးနောက် ဆက်လက်တပ်ဆင်ထားပါက ထိရောက်စွာ အရေးယူမည်ဟု စစ်ကောင်စီအဖွဲ့ဝင်များကပြောကြောင်း အစစ်ခံရသူတဦးက ပြောသည်။

ယခုလို မော်တော်ယာဉ် မှန်စတေကာအမဲ တပ်ဆင်ခြင်းမပြုရန် တားမြစ်ခြင်းမှာ လုံခြုံရေးအရဟုသိရပြီး လွန်ခဲ့သည့်ရက်ပိုင်းက ဖားအံမြို့တွင် စစ်ကောင်စီသတင်းပေးဟု နာမည်ကြီးသူတစ်ဦး သေနတ်ဖြင့် အပစ်ခံရခြင်းနှင့် မြဝတီမြို့ပေါ်တွင် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် အပစ်ခံရခြင်း ဖြစ်စဉ်များနှင့်လည်း ဆက်စပ်နိုင်ကြောင်း သုံးသပ်ပြောဆိုမှုများ ထွက်ပေါ်လျက်ရှိသည်။

“ဗုံးထောင်၊ သေနတ်ပစ်တဲ့သူတွေက ကားမှန်အမဲနဲ့မှ မဟုတ်ပါဘူး။ ဆိုင်ကယ်တွေနဲ့ရော ကားနဲ့ရော ကြုံသလို လှုပ်ရှားနေကြတာကို သတင်းတွေထဲမှာ တွေ့နေရပါတယ်” ဟု မြို့ခံတဦးကပြောသည်။

ပြည်နယ်အတွင်းရှိ မော်တော်ယာဉ် သုံးစွဲသူအများ ပြည်သူများအနေဖြင့် ယာဉ်ရပ်နားထားစဉ် နေမပူရန်အတွက် မှန်စတေကာအမဲများ တပ်ဆင်အသုံးပြုလေ့ရှိသည့်အတွက် လုံခြုံရေးကြောင့် မသုံးစွဲရန် တားမြစ်ခြင်းမှာ မဖြစ်သင့်ဟု ဝေဖန်မှုများလည်းရှိကြောင်း မြို့ခံများထံမှ သိရသည်။

May 12, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတချို့တို့တွင် ယခုနှစ်နွေရာသီ...
May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...