သထုံတွင် ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်

သထုံတွင် ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်

မွန်ပြည်နယ် သထုံမြို့ပေါ်တွင် စက်တင်ဘာ ၁၀ ရက်နေ့ (ယမန်နေ့) ည ၁၀ နာရီအချိန်ခန့်က ဗုံးဟုယူဆရသည့် ပေါက်ကွဲမှု နှစ်ကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့သည်။

"ညက ပေါက်ကွဲမှုကတော့ ဗုံးလို့တော့ ထင်တာပဲ၊ ညပိုင်းဆိုတော့ အသံအကျယ်ကြီးကြားရတယ်၊ လူထိတာတော့ မကြားမိဘူး။ သထုံမှာ ဒီရက်ပိုင်း စစ်ဆေးမှုတွေ တင်းကြပ်လာတယ်။ ညပိုင်းဆို ဘယ်သူမှလည်း အပြင်မထွက်ရဲကြတော့ဘူး" ဟု သထုံမြို့ခံတစ်ဦးက ပြောသည်။

သထုံမြို့ပေါ်တွင် NUG အစိုးရ၏ အရေးပေါ်အခြေအနေ ကြေညာလိုက်သည့်နောက် စစ်ဆေးမှု ပိုမိုတင်းကြပ်လာကြောင်း ယခုဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍လည်း အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်များက စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု မြို့ခံများက ပြောသည်။

ထို့အတူ စက်တင်ဘာ ၁၀ ရက်နေ့ ညနေပိုင်းခန့်ကလည်း ရေးမြို့၊ မြို့မရဲစခန်းတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ရေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း ရေးမြို့မရဲစခန်းကို ၎င်းတို့အဖွဲ့က ဗုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် စက်တင်ဘာ ၈ ရက်နေ့က ကျိုက်ထိုမြို့နယ် ပျဉ်းကတိုးကုန်းကျေးရွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးနှင့် စက်တင်ဘာ ၇ ရက်နေ့ညက ကျိုက်မရောမြို့ အထက်တန်းကျောင်းအနီးတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်ပွားလာခဲ့သည့် ပေါက်ကွဲမှုဖြစ်စဉ်များတွင် လူထိခိုက်သေဆုံးမှုမရှိဟု မြို့နယ်အလိုက် ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာပြီး တော်လှန်ရေးစတင်ကြောင်း ကြေညာလိုက်သည့်နောက် မွန်ပြည်နယ်အတွင်း၌ ပေါက်ကွဲမှုဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားလာခဲ့သည်။

NUG အစိုးရ၏ အရေးပေါ်အခြေအနေ ကြေညာလိုက်သည့် စက်တင်ဘာ ၇ ရက်နေ့ နောက်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်များကလည်း တစ်ပြည်နယ်လုံးကို လုံခြုံရေး ပိုမိုဆောင်ရွက်လာခဲ့ပြီး စစ်ဆေးမှုများလည်း တင်းကြပ်လုပ်ဆောင်လာခဲ့သည်။

ထိုသို့ လုံခြုံရေး ပိုမိုဆောင်ရွက်လာခဲ့ပြီး စစ်ဆေးမှုများလည်း တင်းကြပ်စွာလုပ်ဆောင်နေသည့်ကြား၌ပင် ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တို့တွင် ပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပွားလာခဲ့သည်။

May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...