KNU ဘိတ်-ထားဝယ်ခရိုင်၊ လယ်ဒိုစိုး (ထားဝယ်) မြို့နယ်ဥက္ကဌ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရ

KNU ဘိတ်-ထားဝယ်ခရိုင်၊ လယ်ဒိုစိုး (ထားဝယ်) မြို့နယ်ဥက္ကဌ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရ

KNU- ကရင်အမျိုးသားအစည်းအရုံး၊ ဘိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ-၄၊ လယ်ဒိုစိုး (ထားဝယ်) မြို့နယ်ဥက္ကဌ ပဒိုစောချဲ့ကို စက်တင်ဘာလ ၉ ရက်၊ နေ့လည်ပိုင်းတွင် စစ်ကောင်စီဘက်က ဖမ်းဆီးသွားခဲ့သည်ဟု ၎င်းမြို့နယ်၏ အတွင်းရေးမှူး ပဒိုစောဆာမျိုးမျိုးက ကေအိုင်စီသို့ ပြောသည်။

ဖြစ်စဉ်မှာ KNU လယ်ဒိုစိုးမြို့နယ်ဥက္ကဌသည် ထားဝယ်ခီးဘက်သို့ ခရီးသွားခဲ့ပြီး အပြန်လမ်းတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ပဒိုစောဆာမျိုးမျိုးက ယခုလိုပြောသည်။

“မနေ့က နေ့လည်အချိန်လောက်ဖြစ်မယ်။ မြို့နယ်မှူးက ထားဝယ်ခီးနယ်ဘက်ကိုသွားတော့ လမ်းမှာ အဖမ်းခံလိုက်ရတယ်လို့ သတင်းကြားမိတယ်။ အသေးစိတ်တော့ သေချာမသိရသေးဘူး။ ကြားမိတာတော့ အပြန်လမ်း ဝဲသေနေရာလောက်မှာ ဖမ်းလိုက်တာတဲ့။” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ KNU မြို့နယ်ဥက္ကဌကို ဖမ်းဆီးလိုက်သည့် စစ်ကောင်စီတပ်ဖွဲ့မှာ မည်သည့်တပ်ရင်းတပ်ဖွဲ့ကဖြစ်ကြောင်းနှင့် မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ဆိုသည့် အသေးစိတ်အချက်အလက်များ သိရှိနိုင်ရန် တာဝန်ရှိသူများက လိုက်လံစုံစမ်းနေဆဲဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သို့သော် မြို့နယ်ဥက္ကဌ အဖမ်းခံရသည့်နယ်မြေသည် အမှတ် (၈) စစ်ကွပ်ကဲရေးဌာနချုပ် လက်အောက်ခံတပ်များ လှုပ်ရှားနယ်မြေဖြစ်ကြောင်း လယ်ဒိုစိုးမြို့နယ် တာဝန်ရှိသူများထံမှ သိရသည်။

“ဘာကြောင့် ဖမ်းသွားလဲဆိုတာလည်း ဘာမှမသိရဘူး။ ခေါင်းဆောင်ပိုင်းက သွားလိုက်တယ်လို့ကြားပေမဲ့ ဘာသတင်းမှ မသိရသေးဘူး။ ဒီက စရဖ အကြီးဆုံးတယောက်ကို မေးကြည့်တော့လည်း သူလည်း ဘာမှမသိရဘူးဆိုပြီးတော့ ပြောတယ်။” ဟု KNU နှင့် နီးစပ်သူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက်နေ့တွင် KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၄) တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး ရာနှင့်ချီသည့် ဒေသခံရွာသားများ ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

 
 

 

 

May 12, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတချို့တို့တွင် ယခုနှစ်နွေရာသီ...
May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...