မီဇိုရမ်တွင် မြန်မာစစ်ဘေးရှောင် ၉၀၀၀ ကျော် ခိုလုံလျှက်ရှိ

မီဇိုရမ်တွင် မြန်မာစစ်ဘေးရှောင် ၉၀၀၀ ကျော် ခိုလုံလျှက်ရှိ

ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁) ရက်နေ့ကစပြီး မြန်မာနိုင်ငံ စစ်တပ်မှ အာဏာသိမ်းယူခဲ့ပြီးနောက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်လာသူ မြန်မာစစ်ဘေးရှောင်း ၉၄၃၄ ဦး ခိုလှုံလျက်ရှိကြောင်း မီဇိုရမ်ပြည်နယ်အစိုးရက ပြောဆိုလိုက်သည်။

အဆိုပါကိစ္စကို လက်ရှိမီဇိုရမ်ပြည်နယ်အတွင်း ကျင်းပပြုလုပ်လျက်ရှိသည့် ၈ ကြိ်မ်မြောက် လွတ်တော်အစည်းအဝေးတွင် အတိုက်ခံပါတီ လွတ်တော်ကိုယ်စားလှယ်များ၏ မေးမြန်းချက်ကို လက်ရှိအစိုးရ MNF ပါတီ ပြည်ထဲရေးဝန်ကြီး Pu Lal chamliana က ယခုလို ဖြေကြားခဲ့ကြောင်း The Aizawl Post သတင်းစာတွင် ဖော်ပြသည်။

“သြဂုတ်လ ၂၈ ရက်နေ့အထိ အစိုးရစာရင်းအရ စစ်ဘေးရှောင် ၁၀၂၂၉ ဦးရှိတယ်။ တချို့က နေရပ်ကိုပြန်သွားတဲ့သူတွေရှိတယ်။ ဒါကြောင့် လက်ရှိစာရင်းအရတော့ စစ်ဘေးရှောင် ၉၄၃၄ ဦး ရှိတယ်” ဟု မီဇိုရမ်ပြည်ထဲရေးဝန်ကြီးက ပြောသည်။

မြန်မာ စစ်ဘေးရှောင်များမှာ မီဇိုရမ်ပြည်နယ် မြို့နယ်အသီးသီးတို့တွင် ပြန့်နှံ့နေထိုင်ကြပြီး မီဇိုရမ်အစိုးရအနေဖြင့် စစ်ဘေးရှောင်ပြည်သူများ ကူညီဆောင်ရွက်ရာတွင် သိန်း ၃၀ ထုတ်ပေးခဲ့ပြီဖြစ်ကြောင်းလည်း မီဇိုရမ် ပြည်ထဲရေးဝန်ကြီးက ဆက်ပြောသည်။

မီဇိုရမ်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ စစ်ဘေးရှောင်းအရေအတွက် ဘယ်လောက်ရှိကြောင်း မေးမြန်းချက်ကို Pu Lalchamliana က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရခြင်းနှင့်ပတ်သက်၍ စစ်ဘေးရှောင်များကို သီးသန့်မှတ်သား ပြုစုထားခြင်းမရှိကြောင်း ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံတွင် စက်တင်ဘာလ ၇ ရက်နေ့ မနက်ပိုင်းကစပြီး National Unity Government (NUG) အစိုးရက D-day တရားဝင်တိုက်ပွဲ ကြေညာခဲ့ပြီးနောက် မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးခိုလှုံလာသူ စစ်ဘေးရှောင် ၁၀၀ ကျော်ရှိလာပြီဖြစ်ကြောင်းနှင့် လက်ရှိပြည်တွင်းအခြေအနေအရ ဒီထက်များလာနိုင်ဖွယ်ရှိကြောင်းလည်း သိရသည်။

 
 

 

 

May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...