PDF-Kalay ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စကစတပ်သား ၄ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရ

PDF-Kalay ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စကစတပ်သား ၄ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရ

ကလေးမြို့နယ် တောင်ပိုင်းရှိ ကျောက်ဖူးရွာနှင့် ဒိုးနွယ်ရွာအကြားသို့ ဝင်ရောက်လာသည့် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို PDF (Kalay) တပ်ဖွဲ့ဝင်များက ယမန်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်ခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ‌တပ်သား အနည်းဆုံး ၄ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရသွားကြောင်း PDF (Kalay) က ထုတ်ပြန်သည်။

ထို့အပြင် ကလေးမြို့အတွင်းရှိ ဒကစ တပ်အတွင်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့များ ထိန်းချုပ်သိမ်းပိုက်‌နေရာယူထားသော ရုံးအဆောက်အဦးနေရာအများအပြားကို PDF (Kalay) တပ်ဖွဲ့ဝင်များက မိုင်းခွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။

ယခုရက်ပိုင်းအတွင်း ကလေးမြို့နယ်တောင်ပိုင်း အင်းကျွန်း၊ ရေရှင်၊ လယ်ခြား၊ ကုက္ကိုလ်၊ ရှားတော၊ ဒိုးနွယ်ကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့များက မွှေနှောက်ဖျက်စီးခြင်း၊ ကျေးရွာပြည်သူများ၏ ဆိုင်ကယ်၊ ကား၊ လှေ၊ အိမ်တွင်းရှိအဖိုးတန် ပစ္စည်းများကို ယူဆောင်သွားခြင်း၊ အိမ်များကို မီးရှိုးဖျက်စီးခြင်းများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။

အဆိုပါကျေးရွာနေပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ရန်ပြုမှုဘေးမှ လွတ်ရာသို့ တိမ်းရှောင်ထွက်ပြေးနေရဆဲဖြစ်သည်။

PDF (Kalay) အနေဖြင့် ကလေးဒေသပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွ‌ယ်‌စောင့်ရှောက်ပေးနိုင်ရန်အတွက် စစ်ကောင်စီတပ်ဖွဲ့များအား အစွမ်းကုန် အရှိန်အဟုန်မြှင့် ချေမှုန်းတိုက်ခိုက်သွားမည်ဖြစ်‌သောကြောင့် ကလေးဒေသပြည်သူများအနေဖြင့် ကြုံလာရမည့်အခြေအနေအရပ်ရပ်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ပဋိပက္ခတွေအတွင်း ဘေးအန္တရာယ်အတွက် ပြည်သူလူထုအနေနဲ့ ကြိုတင်ပြင်ဆင်ထားရမယ့် အချက်များအတိုင်း ကြိုတင်ပြင်ဆင်ထားကြရန်၊ PDF (Kalay) တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန်လည်း PDF (Kalay) ယမန်နေ့ညထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

 
 

 

 

February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...