ဟားခါးမြို့က အကူညီလိုအပ်သည့် အိမ်ထောင်စု ၈၀ ကို ချင်းအမျိုးသမီးအဖွဲ့က ကူညီထောက်ပံ့

ဟားခါးမြို့က အကူညီလိုအပ်သည့် အိမ်ထောင်စု ၈၀ ကို ချင်းအမျိုးသမီးအဖွဲ့က ကူညီထောက်ပံ့

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် အကူအညီလိုအပ်နေသည့် အိမ်ထောင်စုပေါင်း ၈၀ ကို Latsinu နှင့် ညီမများအဖွဲ့မှ အစားအသောက်နှင့် ဆေးဝါးကုသမှုအတွက် ငွေသား ထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။

Latsinu နှင့် ညီမများအဖွဲ့အနေဖြင့် ဟားခါးမြို့နယ်အတွင်းရှိ အိမ်ထောင်စုပေါင်း ၂၀၀၀ ကို ရှေ့ပြေးစစ်တမ်းကောက်ယူကာ ယင်းအနက် အိမ်ထောင်စုပေါင်း ၈၀ ကို အုပ်စု ၃ စုခွဲ ထောက်ပံ့ခဲ့ကြခြင်းဖြစ်သည်ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အိမ်ထောင်စု ၈၀ ကို တခါတည်းနဲ့ အုပ်စု ၃ ခုခွဲပြီးတော့ ပံပိုးပေးတာဖြစ်တယ်။ အခုလဲ မနက်ဖြန် ဆေးဝယ်ဖိို့နဲ့ ဒီနေ့ကိုလဲ ဆေးဝယ်ဖို့လိုအပ်တဲ့ ကင်ဆာသမားတွေလဲရှိတယ်၊ အထူးသဖြင့် ကလေးတွေ စားနပ်ရိက္ခာအတွက် ကျမတို့ စစ်ကောင်စီရဲ့ခွင့်ပြုချက်နှင့် လမ်းခရီးပေါက်တဲ့အထိ စောင့်မယ်ဆိုရင်တော့ တော်တော်လေး စိုးရိမ်ရတဲ့ အနေအထားဖြစ်တဲ့အတွက် အရေးပေါ်အနေနဲ့ ဦးစားပေးပြီး အမျိုးသမီးအဖွဲ့အနေနဲ့ ပေါင်းပြီးတော့ ပေးရတာပါ” ဟု ပြောသည်။

အဆိုပါ ကူညီထောက်ပံ့မှုများကို ပလက်ဝမြို့နယ်မှ ထန်တလန်သို့ ပြောင်းရွှေ့လာကြသော ထိုမှတဆင့်မှ ဟားခါးမြို့သို့ ပြန်လည်ရောက်ရှိလာကြသည့် စစ်ဘေးရှောင်အိမ်ထောင်စုများနှင့် နာမကျန်း သက်ကြီးရွယ်အို မသန်စွမ်းကလေးငယ်များပါဝင်သည့် အိမ်ထောင်စုများက လက်ခံရရှိကြသည်ဟု သိရသည်။

Latsinu နှင့် ညီမများအဖွဲ့မှ ယခင်က ပလက်ဝနှင့် ဆမီးစစ်ဘေးရှောင်တို့ကိုလည်း ၆ လတိုင် ထောက်ပံ့မှုများ ပေးသည့်အပြင် ယခုတွင်လည်း အထူးလိုအပ်သူများကို ဆေးဝါးနှင့် အစားအသောက်များအတွက် ပုံမှန် ၁ လလျှင် တစ်ကြိမ်မှ ၂ ကြိမ် ထောက်ပံမှုများပေးနိုင်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။

Latsinu နှင့် ညီမများအဖွဲ့ကို ၂၀၁၇ ခုနှစ် ဇူလိုင်လက စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးများအတွက် ဘဝအဆင့်အတန်းမြင့်မားရေးနှင့် အခွင့်ရေးတခုကိုသာ တောင်းဆိုခြင်းမဟုတ်ပဲ အမျိုးသမီးများ၏ ဖြစ်တည်မှုက ရပ်ရွာအသိုင်းအဝိုင်းထဲတွင် အလူများက အသိမှတ်ပြုခြင်း ပါဝင်ဦးဆောင်ခြင်းနှင့် အလေးပေးခြင်းတို့ကို လက်ခံနိုင်ရန် လုပ်ဆောင်နေသည့်အဖွဲ့ဖြစ်သည်။

 
 

 

 

May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...