မြဝတီမြို့တွင် လူမှုအကျိုးပြု ဆောင်ရွက်နေသူတစ်ဦး သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရ

မြဝတီမြို့တွင် လူမှုအကျိုးပြု ဆောင်ရွက်နေသူတစ်ဦး သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရ

ကရင်ပြည်နယ် မြဝတီမြို့၌ ယမန်နေ့ မွန်းတည့် ၁၂ နာရီခန့်က မြေနီကုန်းရပ်တွင် လူမှုအကျိုးပြု ဆောင်ရွက်နေသူတစ်ဦးအား ဆိုင်းကယ်စီး သေနတ်သမားနှစ်ဦးက သေနတ်ဖြင့် ၅ ချက်တိတိ ပစ်ခတ်လုပ်ကြံခဲ့ကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူမှာ မြဝတီမြို့ အမှတ် ၄ ရပ်ကွက် မြေနီကုန်းရပ်နေ မြဝတီမြို့ အကျဉ်းသားကူညီစောင့်ရှောက်ရေး အဖွဲ့ခေါင်းဆောင် ဦးအောင်ဝင်းလှိုင် (ခ) ကိုအညာသားဆိုသူဖြစ်သည်။

လက်ရှိတွင် ၎င်းနေထိုင်ရာ မြေနီကုန်းရပ်၌ လမ်းခင်းလုပ်ငန်းဆောင်ရွက်ပြီး ထမင်းစားပြန်နားချိန် ဆိုင်ကယ်စီး သေနတ်သမားနှစ်ဦးမှ လမ်းတွင် စောင့်ကာ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

ယမန်နေ့ မွန်းတည့် ၁၂ နာရီခန့်က မြေနီကုန်းရပ်ကွက်အတွင်း လမ်းခင်းခြင်းလုပ်ငန်းခွင်မှ ၎င်း၏ မြဝတီအကျဉ်းသားကူညီစောင့်ရှောက်ရေး စတေကာကပ်ထားသည့် မော်တော်ယာဉ်အနက်ရောင်ဖြင့် ထမင်းစားအပြန် ၎င်းလုပ်ငန်းခွင်အနီး အေးငြိမ်းသာယာ ဘုန်းကြီးကျောင်း အရှေ့ လမ်းထိပ်ကွေ့အရောက်မှာ ဆိုင်ကယ်တစ်စီးဖြင့် လူနှစ်ဦးမှ ၎င်းအား သေနတ်ဖြင့် ၅ ချက်တိတိ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဦးအောင်ဝင်းလှိုင် (ခ) ကိုအညာသား က ပြောသည်။

ထိုသို့ ပစ်ခတ်ပြီးနောက် ဆိုင်ကယ်စီးသေနတ်သမားနှစ်ဦးမှာ ဆိုင်ကယ်မောင်းပြေးသဖြင့် ၎င်းမှ ကားဖြင့်လိုက်ရာ မြဝတီ အမှတ် ၂ တံတား ရေပူရွာအနီး မျက်ခြေပြတ်သွားသည်ဟု ဦးအောင်ဝင်းလှိုင် (ခ) ကိုအညာသားက ဆက်ပြောသည်။

ပစ်ခတ်မှုတွင် လူထိခိုက်ဒဏ်ရာရခြင်း မရှိသော်လည်း မော်တော်ယာဉ်၏ အရှေ့ဘက်ခြမ်းမှာ ကျည်ဖောက်ဝင်ရာများဖြစ်ခဲ့ပြီး ဖြစ်စဉ်နေရာအနီး၌ ၉ မမ ကျည်ခွံများလည်း တွေ့ရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကာယကံရှင် ဦးအောင်ဝင်းလှိုင် (ခ) ကိုအညာသားမှ မြဝတီမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။

 
 

 

 

May 12, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတချို့တို့တွင် ယခုနှစ်နွေရာသီ...
May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...