ထန်တလန်မြို့မှာ လက်ကျန် လက်နက်ကြီးတစ်လုံး ပေါက်ကွဲ၊ အရပ်သားတစ်ဦး ပွဲချင်းပြီးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရ

ထန်တလန်မြို့မှာ လက်ကျန် လက်နက်ကြီးတစ်လုံး ပေါက်ကွဲ၊ အရပ်သားတစ်ဦး ပွဲချင်းပြီးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရ

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့မှာ စစ်ကောင်စီရဲ့ ခလရ ၁၄၀ မှာ CDM ပြုလုပ်ဖို့ရှိတဲ့စစ်သားတွေကို ဗိုလ်ကြီးတစ်ဦးက တပ်တွင်းဝါဒဖြန့်ကြေးနန်းစာ ဖတ်ပြနေတုန်း တပ်သားတစ်ယောက်က သေနတ်နဲ့ပစ်သတ်ပြီး မိမိကိုယ်တိုင်လည်း အဆုံးစီရင်သွားတယ်လို့ သိရှိရပါတယ်။

ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ မြို့တွင်းပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က  ပစ်ခတ်လိုက်တဲ့ လက်ကျန် လက်နက်ကြီးတစ်လုံး ပေါက်ကွဲတာကြောင့် အရပ်သားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးရှိပြီး ဒဏ်ရာပြင်းထန်သူ ၃ ဦးကို ဟားခါးမြို့ကို ပို့ဆောင်ကုသခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၃ ဦးထဲကတစ်ဦး သေဆုံးသွားတယ်လို့ သိရှိရပါတယ်။

ဒီအချိန်မှာ တောင်ပေါ်ရယ်၊ မြေပြန့်ရယ်၊ အဖွဲ့အစည်း မခွဲခြားဘဲ အရေးတော်ပုံအောင်မြင်ဖို့ တိုက်ပွဲဝင်တာက ပြည်သူတစ်ရပ်လုံးရဲ့ တာဝန်ဖြစ်တယ်လို့ ချင်းအမျိုးသားတပ်ဦး ပြောရေးဆိုခွင့်ရှိသူ ပူးထက်နီက ပြောဆိုလိုက်ပါတယ်။

Most read this week

September 4, 2026
- ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ် ဝုမ်းခုမ်းကျေးရွာကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့...
September 3, 2026
- အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ထပ်မံတိမ်းရှောင်ရတဲ့ ဖရူဆိုမြို့နယ်က...
September 2, 2026
- မြစ်ကြီးနားမြို့ တပ်ကုန်းစံပြရပ်ကွက်မှာ ရေမြောင်းတွေကို စနစ်တကျ မပြုလုပ်ထားတာကြောင့်...
September 2, 2026
- နယ်စပ်ဒုက္ခသည်စခန်းကနေ စခန်းပြင်ပမှာ အလုပ်ထွက်လုပ်နေကြတဲ့ ဒုက္ခသည်တွေထဲက တချို့ဟာ...