ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့မှာ စစ်ကောင်စီရဲ့ ခလရ ၁၄၀ မှာ CDM ပြုလုပ်ဖို့ရှိတဲ့စစ်သားတွေကို ဗိုလ်ကြီးတစ်ဦးက တပ်တွင်းဝါဒဖြန့်ကြေးနန်းစာ ဖတ်ပြနေတုန်း တပ်သားတစ်ယောက်က သေနတ်နဲ့ပစ်သတ်ပြီး မိမိကိုယ်တိုင်လည်း အဆုံးစီရင်သွားတယ်လို့ သိရှိရပါတယ်။
ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ မြို့တွင်းပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်ကျန် လက်နက်ကြီးတစ်လုံး ပေါက်ကွဲတာကြောင့် အရပ်သားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးရှိပြီး ဒဏ်ရာပြင်းထန်သူ ၃ ဦးကို ဟားခါးမြို့ကို ပို့ဆောင်ကုသခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၃ ဦးထဲကတစ်ဦး သေဆုံးသွားတယ်လို့ သိရှိရပါတယ်။
ဒီအချိန်မှာ တောင်ပေါ်ရယ်၊ မြေပြန့်ရယ်၊ အဖွဲ့အစည်း မခွဲခြားဘဲ အရေးတော်ပုံအောင်မြင်ဖို့ တိုက်ပွဲဝင်တာက ပြည်သူတစ်ရပ်လုံးရဲ့ တာဝန်ဖြစ်တယ်လို့ ချင်းအမျိုးသားတပ်ဦး ပြောရေးဆိုခွင့်ရှိသူ ပူးထက်နီက ပြောဆိုလိုက်ပါတယ်။






