- ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ် ဝုမ်းခုမ်းကျေးရွာကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ရာမှာ ကလေးငယ်နဲ့သက်ကြီးရွယ်အိုတွေအပါအဝင် ဒေသခံပြည်သူ ၈ ယောက် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတယ်လို့ CPA/CPU က ပြောပါတယ်။
- ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာနလက်အောက်မှာ စာသင်ကျောင်းပေါင်း ၃၇၀ ကျော်ဖွင့်လှစ်ပြီး ကျောင်းသူကျောင်းသားပေါင်း ၃၅,၀၀၀ ကျော် ပညာသင်ယူနေတယ်လို့ ပြောပါတယ်။
- ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာက ခရစ်ယာန်သင်းအုပ်ဆရာ သိက္ခာတော်ရ Reverend William နဲ့ အရပ်သားပြည်သူတစ်ယောက်ကို စစ်တပ်က တရားလက်လွတ် သတ်ဖြတ်ခဲ့တဲ့အပေါ် အရေးယူပေးဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို Burma Research Institute(BRI)က တောင်းဆိုလိုက်ပါတယ်။






