စစ်ကောင်စီဖမ်းဆီးရိုက်နက် အကျဉ်းချထားသည့် တောင်ကြီး G-Z တဉီး ကိုဗစ်ဖြင့် သေဆုံးဟုဆို

စစ်ကောင်စီဖမ်းဆီးရိုက်နက် အကျဉ်းချထားသည့် တောင်ကြီး G-Z တဉီး ကိုဗစ်ဖြင့် သေဆုံးဟုဆို

တောင်လေးလုံးအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံရထားသည့် အသက် ၂၀ အရွယ် တောင်ကြီး G-Z တဉီး ကိုဗစ်ရောဂါဖြင့် သေဆုံးသွားသည့်အကြောင်း မိသားစုဝင်ထံ အကြောင်းကြားလာသည်ဟု သိရသည်။

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် တောင်လေးလုံးအကျဉ်းထောင်မှာ စစ်ကောင်စီတို့၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံရထားသော တောင်ကြီးမြို့ ကျောင်းကြီးစုရပ်နေ မောင်မျိုးမင်းသန့် (ခေါ်) သားငယ်သည် ယမန်နေ့ သြဂုတ်လ ၂၉ ရက်နေ့တွင် ကိုဗစ်-၁၉ ကူးစက်ခံရပြီး သေဆုံးသွားကြောင်း ထောင်တာဝန်ရှိက မိသားစုထံ အကြောင်းလာသည်ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။

“ကိုဗစ်နဲ့ ဆုံးတယ်ဆိုပြီးတော့ အိမ်ကို အကြောင်းကြားလာတယ်၊ အဲ့ဟာပဲ ပြောတယ်၊ ကျန်တာတွေ ဘာမှမသိရဘူး၊ စဝ်စံထွန်းဆေးရုံကိုလည်း မေးကြည့်ပါသေးတယ်၊ ဒါမယ့် ဘာမှ အကြောင်းမပြန်ဘူး” ဟု မိသားစုဝင်နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုမျိုးမင်းသန့် ခေါ် ကိုသားငယ်သည် ပြီးခဲ့သည့် မတ်လ ၂၇ ရက်က တောင်ကြီးမြို့မှာ ဖမ်းဆီးခံရပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် ခံထားရသူ ကိုမျိုးမင်းသန့်သည် ထောင်ထဲတွင် ကိုဗစ်–၁၉ ကူးစက်ခံရပြီး ညောင်ရွှေအကျဉ်းထောင်မှ စဝ်စံထွန်းဆေးရုံသို့ ပြောင်းရွေ့ကုသစဉ် သေဆုံးသွားကြောင်း ထောင်မှ တာဝန်ရှိသူတစ်ဦးက မိသားစုဝင်ကို အကြောင်းကြားခဲ့တယ်လို့ သိရသည်။

“သူအဖမ်းခံရတဲ့နေ့က မတ်လ ၂၇ ရက်နေ့ကပါ၊ ဖမ်းသွားပြီးတော့ ၅၀၅ တွေတပ်ပြီး အမှုဖွင့်တယ်ပေါ့၊ အခုတော့ မိသားစုတွေကို အကြောင်းကြားလာတာက သူဆုံးပြီတဲ့” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

လက်ရှိတွင် ကိုမျိုးမင်းသန့်၏ ရုပ်အလောင်းသည် ဘယ်နေရာတွင်ရှိပြီး မည်ကဲ့သို့ သေဆုံးရသည်ဆိုသည့် အတည်ပြုချက်များလည်း မသိရသေးကြောင်း မိသားစုဝင်များနှင့် ဆွေမျိုးများက ရုပ်အလောင်းကို ပြန်လိုချင်ကြောင်းလည်း သိရသည်။

“အပြင်လူနဲ့ ထိတွေ့ခွင့်မရှိဘဲနဲ့ ကိုဗစ်ကူးစက်ခံရတယ်၊ ကိုဗစ်ကြောင့်သေတယ်ဆိုတာ သံသယဖြစ်စရာပဲ၊ အခုဆို တောင်လေးလုံးမှာ သေတာ ၃ ယောက်ရှိသွားပြီ။ အထဲရောက်နေသူတွေအတွက်လည်း ပိုပြီးတော့ စိုးရိမ်ရတယ်၊ ရုံးထုတ် ရုံးချိန်းတွေလည်းမရှိတော့ ဘာမှကိုမသိရတော့ဘူး” ဟု ဖမ်းဆီးခံရသူများကို လိုက်လံကူညီပေးနေသည့် ရှေ့နေတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ညောင်ရွှေအကျဉ်းထောင် (တောင်လေးလုံး) တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများအနက် ဩဂုတ်လ ၂၂ ရက်တွင် မူလတန်းပြဆရာ ဦးစိုးလွင်လွင်၊ သြဂုတ်လ ၂၇ ရက်တွင်လည်း ဆီဆိုင်မြို့နယ် NLD ပါတီဝင် ခွန်ဗွာထိုသွေးနှင့် ယခုကိုမျိုးမင်းသန့် အပါအဝင် ဖမ်းဆီးခံထားရစဉ် ကွယ်လွန်သူစုစုပေါင်း ၃ ဦး ရှိနေပြီဖြစ်သည်။

 
 

 

 

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...