ဖျာပုံရှိ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ လက်နက်ဆောင်ထားရန် ခရိုင်စစ်ကောင်စီ ညွှန်ကြား

ဖျာပုံရှိ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ လက်နက်ဆောင်ထားရန် ခရိုင်စစ်ကောင်စီ ညွှန်ကြား

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်အတွင်းရှိ မြို့နယ် ၄ မြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများကို လေးခွ၊ ဓါးမြှောင် စသည့်လက်နက်များ ကိုယ်နှင့်မကွာ ကိုင်ဆောင်ထားကြရန် ဖျာပုံခရိုင် စစ်ကောင်စီက ညွှန်ကြားထားကြောင်း စုံစမ်းသိရသည်။

ယင်းခရိုင်အတွင်းရှိ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်နှင့် ဒေးဒရဲ မြို့နယ်တို့ရှိ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအား လုံခြုံရေး အထူးဂရုပြု သွားလာနေထိုင်ကြရန်နှင့် ပြန်လည်ခုခံရန် လေးခွ၊ ဓားမြောင်တို့ကို ကိုင်ဆောင်ထားကြရန် ညွှန်ကြားထားခြင်းဖြစ်ကြောင်း ဒေသခံ အုပ်ချုပ်မှူး အချို့က ပြောသည်။

"ဘိုကလေးမြို့နယ်ထဲက ရပ်ကျေးအုပ်ကြီးတစ်ယောက်ကို PDF က ခြိမ်းခြောက်စာပို့ခံရပြီး နောက်တစ်ရက်မှာ အုပ်ကြီးတွေကို သတိရှိဖို့ လက်နက်ဆောင်ထားဖို့ ညွှန်ကြားတာပါ" ဟု ဖျာပုံမြို့ အမှတ် ၁ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယခုရက်ပိုင်းအတွင်း ဧရာဝတီတိုင်း ဖျာပုံမြို့နယ်အတွင်းရှိ ကျေးရွာ ၂ ရွာက စစ်ကောင်စီတပ်ဖွဲ့များထံ သတင်းပေးသည်ဟုဆိုကာ သတင်းပေး (ဒလန်) ၂ ဦး ကို ဖျာပုံ PDF လူငယ်အဖွဲ့က သတိပေးစာပေးပိုခဲ့သည့် သတင်းနှင့်ပတ်သက်၍ မေးမြန်းစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဘိုကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့ (PDF) က ဘိုကလေးမြို့နယ်၊ ပတ္တမြားကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား ကျည်ဆံတစ်တောင့်နှင့် သတိပေးစာကို သြဂုတ်လ ၂၀ ရက်နေ့က ပေးပို့ခဲ့သည်။

"PDF တွေ ကို စုံစမ်းပေးဖို့နဲ့ NLD စည်းရုံးရေးမှူး အမည်စာရင်းတွေ ပြုစုပေးဖို့ တောခို စစ်သင်တန်းတက်တွေ ပြန်လာတာ စောင့်ကြည့် သတင်းပေးဖို့ ညွှန်ကြားတာတော့ ရှိတယ်" ဟု ပုသိမ်မြို့ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

ဧရာဝတီတိုင်းတွင် မြစ်ဝကျွန်းပေါ် ပြောက်ကျားစစ်ဆင်ရေးတပ်ပေါင်းစု (DGWCF) က မြို့များရှိ စစ်ကောင်စီသတင်းပေး (ဒလန်) စာရင်းများကို ထုတ်ပြန်လျှက်ရှိပြီး အချို့ဒေသများရှိ ဒလန်ဟု အမည်ထွက်သူအချို့ကိုလည်း ဒေသခံ PDF များက သတိပေးစာများ ပေးပို့နေကြောင်း စစ်ကောင်စီ၏ ရပ်/ကျေး အုပ်ချုပ်ရေးအသိုင်းအဝန်းမှ သိရသည်။

ဧရာဝတီတိုင်းရှိ သာပေါင်းမြို့နယ် ထန်းဇင်လှ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ သြဂုတ်လ ၁၉ ရက်နေ့က ကျည်ဆံတစ်တောင့်နှင့် သတိပေးစာ ပေးပို့ခံခဲ့ရပြီး အသုတ်မြို့မှ ဒလန်အမျိုးသားတစ်ဦးကို အမည်မသိ သေနတ်သမား ၂ ဦးက သြဂုတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းက သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။

 
 

 

 

June 6, 2026
စစ်ကိုင်းမြို့ပေါ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လဝက) ရုံးအတွင်း...
ဓာတ်ပုံ-Crd(ပုံဟောင်း)
June 5, 2026
စစ်တပ်က တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမည်ဟု...
June 4, 2026
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားနေခြင်း မရှိဘဲ စစ်တပ်က...
June 3, 2026
မြန်မာစစ်အုပ်စု ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ အိန္ဒိယအစိုးရက...