အောက်ပိုင်းဒေသများ မိုးနှောင်းကာလ ရေကြီးမှုတွေ့ကြုံနိုင်

အောက်ပိုင်းဒေသများ မိုးနှောင်းကာလ ရေကြီးမှုတွေ့ကြုံနိုင်

မိုးနှောင်းကာလတွင် မြန်မာနိုင်ငံရှိမြစ်များ စိုးရိမ်ရေမှတ်ကို ကျော်လွန်နိုင်သဖြင့် မြစ်ကမ်းတစ်လျှောက်နေထိုင်သူများ သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောသည်။

စက်တင်ဘာလအတွင်း ဧရာဝတီမြစ်ရေသည် ရွှေကူမြို့မှ ဇလွန်မြို့အထိ မြစ်ကြောင်းတစ်လျှောက်မြို့များတွင် စိုးရိမ်ရေမှတ်အထက်သို့ မြင့်တက်နိုင်ပြီး ချင်းတွင်းမြစ်ရေမှာလည်း ဟုမ္မလင်းမြို့မှ မုံရွာမြို့ထိ မြစ်ကြောင်းတစ်လျှောက်မြို့များတွင် စိုးရိမ်ရေမှတ်အထက်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။

မြန်မာနိုင်ငံမြောက်ပိုင်းတွင် သြဂုတ်လအစပိုင်းမှစတင်ကာ မိုးရွာသွန်းမှုများပြားခဲ့ပြီး ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများဖြစ်ပွားခဲ့ကာ လူသေဆုံးမှုများ ရှိခဲ့သည်။

“အခုမြောက်ဘက်မှာ မိုးကောင်းနေတယ်။ မြစ်ရဲ့သဘောသဘာဝအရ အဲဒီရေတွေက အောက်ကိုဆင်းလာတဲ့အချိန် အောက်ဖက်မှာ မိုးရေနဲ့ပေါင်းမိရင် ရေကတက်လာမှာပေါ့။ အဓိကက ဟင်္သာတတို့ ဇလွန်တို့ သတိထားရမယ်” ဟု ဦးလှထွန်းက ပြောသည်။

ထို့အပြင် ဒုဋ္ဌဝတီမြစ်၊ သံလွင်မြစ်၊ သောင်ရင်းမြစ်၊ ငဝန်မြစ်နှင့် တိုးမြစ်တို့တွင်လည်း စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ကချင်ပြည်နယ်အတွင်း မိုးရွာသွန်းမှု များပြားခဲ့သဖြင့် မလိခမြစ်ရေမြင့်တက်လာခဲ့ပြီး တံတားနှစ်စင်း ပျက်စီးသွားခဲ့သည်။

 
 

 

 

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...