အိမ်အရောက်ပို့ဆောင်သူများအား သတိထားရန် ပြည်ထဲရေးထုတ်ပြန်

အိမ်အရောက်ပို့ဆောင်သူများအား သတိထားရန် ပြည်ထဲရေးထုတ်ပြန်

တပ်မ ၈၈ က ဗိုလ်ကြီးတစ်ဦး၏ ယောက္ခမဖြစ်သူ သေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက် မှာကြားထားခြင်းမရှိသော Delivery သမားများနှင့် တွေ့ဆုံခြင်းမပြုရန် ပြည်ထဲရေးဝန်ကြီးဌာန၏ ညွှန်ကြားစာ သြဂုတ်လ ၂၈ ရက်တွင် လူမှုကွန်ရက်စာမျက်နှာပေါ်သို့ ပေါက်ကြားလာခဲ့သည်။

 

ဒဂုံဆိပ်ကမ်းကဖြစ်စဉ်မျိုး ထပ်မံမဖြစ်စေရန် ညွှန်ကြားလာခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းအတွင်း လက်ရှိ တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ယင်းစာနှင့်ပတ်သက်၍ အတည်ပြုပြောဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၉ ရက်က ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း နေထိုင်သည့် တပ်မ ၈၈ က ဗိုလ်ကြီးတစ်ဦး၏ ယောက္ခမကို Delivery သမားဟန်ဆောင်ကာ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

ယခုစာကြောင့် Delivery ပို့သည့်သူများ ပိုသတိထားသင့်ပြီး လိုက်ပို့သူအများစုမှာ ဆယ်ကျော်သက်လူငယ် အများစုပါဝင်၍ စိုးရိမ်မိကြောင်း စမ်းချောင်းမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“deli ပို့တဲ့သူတွေအတွက်တော့ စိုးရိမ်တယ်။ သူတို့က မထင်ရင်မထင်သလို စစ်တာ။ မဟုတ်ဘဲနဲ့ ဖမ်းတာဆီးတာ ခံရမှာစိုးတယ်” ဟု ၎င်းအမျိုးသမီးက ပြောသည်။

ယင်းစာထဲတွင် ရဲတပ်ဖွဲ့နှင့် ၎င်းတို့၏ မိသားစုများအနေဖြင့် Online Shop မှ ပစ္စည်းနှင့် အစားအသောက်များ မှာယူခြင်းမရှိရန်၊ Delivery သမားများက လာရောက်ပို့ဆောင်မည်ဟု ဆက်သွယ်လာပါကလည်း သတိထားကြရန် ညွှန်ကြားထားခြင်းဖြစ်သည်။

ထိုသို့ဆက်သွယ်လာပါက အိမ်လိပ်စာပေးခြင်း၊ နေအိမ်ရှေ့ ပစ္စည်းများထွက်ယူခြင်း၊ Delivery သမားများ ချိန်းသည့်နေရာများသို့ သွားရောက်ခြင်းများ မပြုလုပ်ကြရန်ကိုလည်း ထည့်သွင်းဖော်ပြထားသည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...