မင်္ဂလာတောင်ညွန့်တွင် ပစ်ခတ်မှုဖြစ်

မင်္ဂလာတောင်ညွန့်တွင် ပစ်ခတ်မှုဖြစ်

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်တွင် သြဂုတ်လ ၂၆ ရက်နေ့ ည ၈ နာရီဝန်းကျင်ခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

မင်္ဂလာဈေးအနီးရှိ ရေတွင်းကုန်းရပ်ကွက်ရှိ အာဒါးလမ်းတွင် ညဈေးကဲ့သို့ ဈေးကလေးရှိပြီး ဈေးဆိုင်များပိတ်၊ ဈေးသည်များ ရုတ်ရုတ်သဲသဲ ဖြစ်ကာ လမ်းကြီးဘက်သို့ ထွက်ပြေးလာပြီးနောက် သေနတ်သံများ၊ ဗုံးပေါက်ကွဲသံများကြားရကြောင်း ၁၁၉ လမ်းတွင် နေထိုင်သူတစ်ဦးက ပြောသည်။

“ထုန်း ထုန်း ထုန်း ဆိုပြီး အသံအကျယ်ကြီး သုံးချက်ကြားလိုက်ရတယ်။ လမ်းမီးတွေကော အခန်းမီးတွေကော အကုန်ပိတ်သွားတာ။ အရင်ကဆို လင်းထိန်နေတာ လူတွေလဲရှင်း လုံးဝရှင်းသွားတယ်” ဟု ၁၁၉ လမ်းတွင် နေထိုင်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ သုံးလေးဦးခန့် ပုံမှန်လုံခြုံရေးယူထားသည့် ရပ်ကွက်ရုံးအနီးတွင် အသံဗုံးကွဲပြီးနောက် လိုက်လံပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ၁၂၂ လမ်းတွင် နေထိုင်သူတစ်ဦးက အတည်ပြုပြောသည်။

ညပိုင်း ဗလီတွင် ဝတ်ပြုသူများထွက်လာချိန်တွင် ပစ်ခတ်ခတ်၊ သံပေါက်ကွဲသံများကြောင့် နီးစပ်ရာအိမ်များထဲသို့ ဝင်ပြေးကြရာမှ ဈေးသည်များလဲ ထွက်ပြေးကြခြင်းဖြစ်သည်ဟု ဆိုသည်။

လုံခြုံရေးတင်းကြပ်ထားသည့် ရန်ကုန်မြို့တွင် ရှစ်လေးလုံးနှစ်ပတ်လည်နေ့ နောက်ပိုင်း ပေါက်ကွဲမှုများ၊ စစ်ကောင်စီတပ်ဖွဲ့များ၏ ညပိုင်းဖမ်းဆီးမှုများ ညစဉ်လိုလို ဖြစ်ပွားနေသည်ဟု မြို့ခံပြည်သူများက ပြောသည်။

 
 

 

 

ပုံဟောင်း
May 11, 2026
မြန်မာနိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ရေးပဋိပက္ခများ...
May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...