မင်းတုန်းတွင် သစ်ခိုးထုတ်မှုတိုးများလာ

မင်းတုန်းတွင် သစ်ခိုးထုတ်မှုတိုးများလာ

စစ်ကောင်စီအုပ်ချုပ်မှု ၇ လခန့်ကာလအတွင်း မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့တွင် သစ်ခိုးထုတ်မှုများစွာ မြင့်တက်လာသည်ဟု အိမ်သုံးသစ်ရောင်းချသူနှင့် ဒေသခံများက ပြောသည်။

ယခင်က သစ်ခိုးကားကို တပတ်လျှင် တစ်စီးခန့်သာတွေ့မြင်နိုင်သော်လည်း ယခု နေ့စဉ်လိုလို တွေ့မြင်နေရကြောင်း ယခင်က သစ်ခိုးထုတ်မှုများကို ဒေသခံများနှင့် မြို့နယ် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးသမားများက စောင့်ကြည့်သတင်းပေးမှုကြောင့် မကြာခဏ ဖမ်းမိကြောင်း အိမ်သုံးသစ်ရောင်းချသူက ရှင်းပြသည်။

”အရင်က တိုင်ရမယ့်နေရာရှိတယ်။ အခုက တိုင်ရမယ့်နေရာမရှိတဲ့အပြင် ကာကွယ်မှုရနေတဲ့သဘော ဖြစ်နေတယ်” ဟု အိမ်သုံးသစ်ရောင်းချသူ က ပြောသည်။

ယခင်က မင်းတုန်းတွင် အိမ်သုံးအတွက်သာ ဒေသခံများက တရားမဝင် ထုတ်လုပ်ကြပြီး ယခု ပန်းတောင်း ဥသျှစ်ပင်ကတဆင့် ရခိုင်ပြည်နယ် တောင်ကုတ်နှင့် ဧရာဝတီတိုင်းတို့ကို ပတ်လည်တုံးတင်ထားသည့် သစ်တင်သည့်ကားများ သွားနေသည်ကို တွေ့မြင်နေရသည်ဟု ပန်းတောင်းဥသျှစ်ပင်က ဒေသခံတစ်ဦးက ပြောသည်။

တောမြို့လေးဖြစ်ပြီး တည်ငြိမ်နေသည့် မင်းတုန်းမြို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရေးအကြောင်းပြပြီး နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ သွားလာခွင့်အပြင် မြို့ပြင်ထွက်ခွင့်ကို ပြည်သူများအား ပိတ်လိုက်သည့်အတွက် သစ်မှောင်ခိုများအတွက် ပိုမိုအဆင်ပြေသွားသည်ဟု မင်းတုန်းမြို့ ဒေသခံတစ်ဦးက ဆက်ပြောသည်။

”ညဘက် သေနတ်ဖောက်ရင် သစ်ကားထွက်ဖို့အချက်ပြတာ အခုနေ့လည်ပါ အိုကေနေကြပြီ” ဟု ၎င်း မင်းတုန်းဒေသခံက ပြောသည်။

မင်းတုန်းမြို့နယ် မြောက်ခြမ်း တိုင်းတားကျေးရွာ၊ ခုံတိုင်ကျင်းကျေးရွာနှင့် မူးချောင်းတလျောက်ဒေသ၊ မင်းတုန်းမြို့အနောက်ဘက် မင်းတုန်းချောင်းတလျောက်၊ ပုသိမ်-မုံရွာ ကားလမ်းမှတဆင့် အလွယ်တကူဝင်ရောက်နိုင်သည့် မှန်ကျေးရွာ၊ ဝန်ချောင်းဖျား ရူချောင်းဖျားဒေသများက ကျွန်းသစ်နှင့် သစ်မာ အများအပြားထွက်ရှိသည်။

ထို့အပြင် ပန်းတောင်းဥသျှစ်ပင် ဧရာဝတီတိုင်းဒေသဘက်က သစ်မှောင်ခိုသမားများ အဝင်/အထွက်များပြီး နေ့စဉ်သစ်ခိုးထုတ်နေသည့် ကားများရှိနေကြောင်း ဒေသခံများက ပြောသည်။

မြန်မာ့သစ်လုပ်ငန်း၏ သရက်သစ်ထုတ်လုပ်ရေးဒေသ အမည်တပ်ထားသော်လည်း မင်းတုန်းမြို့နှင့် ကံမမြို့နယ်များ၏ အနောက်ဘက် အနောက်ရိုးမက ထုတ်လုပ်နေခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်က သစ်မာကျွန်းသစ်တန် ၅၀၀၀ ခန့် ထုတ်လုပ်ခဲ့ကြောင်း သိရသည်။

ပုသိမ်-မုံရွာ လမ်းမကြီးမှ မင်းတုန်းသစ်တောကြိုးဝိုင်းကို ၈ မိုင်ခန့်သာ ကွာဝေးကြောင်း သိရသည်။

Most read this week

August 5, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက် ဖလူးဒေသတစ်ဝိုက်တွင် နယ်မြေပြန်လည်ထိန်းချုပ်ရန် အင်အားအလုံး...
August 4, 2026
ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်အတွင်း အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ ၂၇ ဦးမှာ...
ပုံဟောင်း (တပ်မတော်လေ)
August 3, 2026
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာအနီးတွင် ယနေ့ (ဩဂုတ်လ ၃ ရက်)...
August 3, 2026
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ ကိုယ်စားလှယ်တစ်ဦးသည် ဩဂုတ်လ ၃ ရက်နေ့တွင် နိုင်ငံတော်...