ဟူးကောင်းဒေသ စစ်ကောင်စီတပ်ကို KIA ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုများပြား

ဟူးကောင်းဒေသ စစ်ကောင်စီတပ်ကို KIA ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုများပြား

တနိုင်း ဟူးဟောင့်ချိုင့်ဝှမ်းဒေသ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၄ နယ်မြေသို့ ဝင်ရောက်လာသော အာဏာသိမ်းစစ်တပ်ကို KIA က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု များပြားခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၂၁ နေ့ KIA တပ်ရင်း ၁၄ နယ်မြေသို့ စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီအင်အား ၅၀ ခန့်ကို နန်ခမ့်ကျေးရွာအနီး ဒုန်ခွန်ကျေးရွာတွင် KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း နန့်ခမ်ကျေးရွာဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“တိုက်ပွဲဖြစ်တာမှန်ပါတယ်။ ဗမာစစ်သား (စစ်ကောင်စီ) တွေ တက်လာတာကို KIA က ဝင်တိုက်တာဟုတ်တယ်။ ဒီတပတ်အတွင်းမှာ တိုက်ပွဲဖြစ်တာ ၂ကြိမ်လောက်ရှိပြီ။ စနေနေ့ဖြစ်တာက ပထမအကြိမ်ပေါ့။ အဲ့ဒီနေ့ ဗမာစစ်တပ်ဘက်ကတော့ ထိခိုက်မှုများတယ်လို့ ကြားရတယ်။ တိုက်ပွဲမှာ သေဆုံးသွားတဲ့သူတွေနဲ့ ထိခိုက်ဒဏ်ရာရတဲ့သူများကို တနိုင်းဘက်ကို သယ်ကြတယ်တဲ့” ဟု ပြောဆိုသည်။

ထို့အပြင် ဩဂုတ်လ ၂၃ ရက်နေ့ နံနက် ၈ နာရီခန့်ကလည်း နမ့်ခမ်ဘက်သို့ စစ်ကောင်စီ အင်အား ၅၀ ခန့်ဖြင့် ထပ်မံ တိုးချဲ့ဝင်ရောက်လာသောကြောင့် ဒုတိယအကြိမ် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ပထမရက်မှာ ထိုးစစ်လာတဲ့ ဗမာစစ်သားဘက်က ထိခိုက်သေဆုံးမှုများတဲ့အတွက် စစ်အင်အား ၅၀ လောက်ပြန်တိုးပြီး ပြန်တက်လာတယ်။ မနေ့က ပြန်ဖြစ်ကြတယ်။ ဒါပေမယ့် အချိန်ထိတော့ KIA က ထိတယ်လို့တော့ မကြားမိသေးဘူး။ ဘာကြောင့်ဆိုတော့ KIA က လမ်းမှာစောင့်ကြိုပစ်တဲ့သဘောဆိုတော့လေ” ဟု နမ့်ခမ်ဒေသခံ တစ်ဦးက KNG ကို ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၂၄ ရက်နေ့တွင်မူ တိုက်ပွဲဖြစ်ပွားသံများ မကြားရသော်လည်း နှစ်ဖက်တပ်ကြား စစ်ရေးတင်းမာမှုရှိနေပြီး အာဏာသိမ်းစစ်တပ်ဘက်မှ စစ်အင်အား ၁၀၀ ကျော်ခန့် တိုးချဲ့ထားကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂ ကြိမ်အနက် ဩဂုတ် ၂၁ ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂ ဦးကို KIA က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရှေ့တန်း KIA သတင်းများထံမှ သိရသည်။

ပြီးခဲ့သော ဧပြီလ ၁၅ရက်နေ့ကလည်း လက်ရှိတိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာဖြင့်တစ်ဆက်တည်းရှိသော နမ့်ဗျူကျေးရွာနှင့် အင်ဂါးဂါး စသော နေရာများတွင် စစ်ကောင်စီနှင့် KIA တို့ကြား ၁ ပတ်ခန့်အကြာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။

ရွှေနှင့် ပယင်းအဓိကထွက်သော ဟူးကောင်းဒေသ နမ့်ဗျူ၊ နမ့်ခမ် စသောဒေသများတွင် စစ်ကောင်စီက ၂၀၁၇ ခုနှစ်ကစတင်ပြီး ဂျက်လေယာဉ်များအသုံးပြုကာ KIA ကို တိုက်ခိုက်ခဲ့သောကြောင့် ဒေသခံအများစုမှာ တနိုင်းမြို့သို့ စစ်ရှောင်အဖြစ် ထွက်ပြေးခဲ့ရခြင်း ဖြစ်သည်။

Photo: Google

 
 

 

 

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...