ဖမ်းဆီးခံ ကန်ပက်လက်လူငယ်များအား တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းနှုန်းဖြင့် စစ်ကောင်စီမှ လာရွေးခိုင်း

ဖမ်းဆီးခံ ကန်ပက်လက်လူငယ်များအား တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းနှုန်းဖြင့် စစ်ကောင်စီမှ လာရွေးခိုင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်း ဆန်သယ်ယူသူများကို စစ်ကောင်စီဖက်က ပစ်မိန့်ထုတ်ပြန်ထားသည့်အပြင် အကြောင်းမဲ့ ဖမ်းဆီးခံထားရသော လူငယ်များကိုလည်း တစ်ဦးလျှင် ငွေကျပ် (၁၀ သိန်း) နှုန်းဖြင့် စစ်ကောင်စီမှ ပြန်ရွေးခိုင်းနေကြောင်း သိရသည်။

“အဖမ်းခံရတဲ့သူတိုင်း ရဲစခန်းကိုရောက်ပြီး ပိုက်ဆံနဲ့ ပြန်ရွေးခိုင်းတော့ ပြန်လွတ်ပေးတဲ့သူက များပါပြီ၊ တစ်ယောက်ကို ၁၀ သိန်းဆိုတော့ တခါထဲမတတ်နိုင်ကြတော့ ငွေကြေးအခက်အခဲကြောင့် စရံငွေအဖြစ် ၅ သိန်းပေးရတယ်၊ ကျန်တာကို နောက်မှပေးဖို့ အဲ့လိုပြန်ရွေးခိုင်းတာ၊ တချို့တွေကို ဖမ်းတယ်၊ ပစ္စည်းတွေသိမ်းပြီး လူကိုတော့ ပြန်လွတ်ပေးတဲ့ပုံစံမျိုးဖြစ်တယ်။ ဒီနေ့မှာလည်း မြို့တွင်းမှာ စစ်ဆေးတာ ပိုပြီးတော့ တင်းကြပ်တယ်" ဟု ကန်ပက်လက်ဒေသခံတစ်ဦးက ပြောသည်။

ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီမှ ဖမ်းဆီးထားသူ ၂၀ ကျော်ခန့်ရှိနေပြီဟုသိရှိရပြီး အများစုမှာ ပိုက်ဆံဖြင့် ပြန်ရွေးခိုင်းသောကြောင့် လက်ရှိတွင် ပြန်လည်လွတ်မြောက်လာကြသော်လည်း ၂ ဦးမှာ ပြည်သူ့ကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင်သည်ဟု သံသယရှိသောကြောင့် လွှတ်ပေးရန်အတွက် ခက်ခဲနိုင်မည်ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

ယနေ့တွင် မြို့တွင်းစစ်ဆေးရေးများ ပိုတင်းကြပ်လာသည့်အပြင် ကန်ပက်လက်မြို့နယ်အတွင်း ဆန်သယ်ယူသူများကိုလည်း စစ်ကောင်စီဖက်က ပစ်မိန့်ထုတ်ပြန်ထားသောကြောင့် ဆန်၊ ဆေးဝါး၊ စားသောက်ကုန်ပစ္စည်းများ သယ်ယူသူများကို ဖမ်းဆီးခြင်းနှင့် ပစ္စည်းများ သိမ်းယူမှုရှိနေခြင်းကြောင့် ကျေးရွာအချို့တွင် စားနပ်ရိက္ခာပြတ်လပ်မှုများ ကြုံနေရကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်း ညအချိန်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကန်ပက်လက်မြို့အတွင်း အကြောင်းမဲ့ပစ်ခတ်မှုများကြောင့် အဆောက်အအုံများ ပျက်စီးမှုနှင့် ပြည်သူများ၏ နေအိမ်များအတွင်း ဝင်ရောက်ရှာဖွေကာ ပစ္စည်းများယူဆောင်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

 
 

 

 

February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...