ကန်ပက်လက်မြို့တွင် စစ်ကောင်စီထောင်ထားသော မိုင်းနင်းမိပြီး အရပ်သားတစ်ဦး ဒဏ်ရာရ

ကန်ပက်လက်မြို့တွင် စစ်ကောင်စီထောင်ထားသော မိုင်းနင်းမိပြီး အရပ်သားတစ်ဦး ဒဏ်ရာရ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ ယနေ့ မွန်းလွဲ ၁ နာရီဝန်းကျင်အချိန်တွင် ရန်အောင်ရတနာစေတီဘုရားဝန်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ထောင်ထားသည့် မိုင်းနင်းမိ၍ အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရသည်ဟု သိရသည်။

“မိုင်းနင်းမိလို့ ဒဏ်ရာရတယ်၊ သိပ်မပြင်းထန်ဘူးလို့သိရတယ်။ ရဲထဲက ပင်စင်ယူပြီးသား ဦးလိပ်ရွှေလို့သိရတယ်။ သိပ်မကြာသေးဘူး၊ ၁ နာရီဝန်းကျင်လောက်ကဖြစ်တာ” ဟု ကန်ပက်လက် ဒေသခံတစ်ဦးထံမှ ဖြစ်စဉ်ကို ပြောပြသည်။

အဆိုပါအမျိူးသားမှာ ပင်စင်ထုတ်ယူရန်အတွက် ဥယျာဉ်မှပြန်လာသူဖြစ်ကြောင်းလည်း သိရသည်။

ကန်ပက်လက်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့များက ကန်ပက်လက်မြို့၊ အ.ထ.က ကျောင်း၊ ရဲစခန်းနှင့် ရန်အောင်ရတနာစေတီဘုရားတို့တွင် တပ်စွဲထားသည်ဟုလည်း သိရသည်။

 
 

 

 

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...