ဧရာဝတီတိုင်းအတွင်း အုပ်ချုပ်ရေးမှူးတစ်ဦးအား ကျည်ဆံတစ်တောင့်နှင့်အတူ ခြိမ်းခြောက်စာပို့

ဧရာဝတီတိုင်းအတွင်း အုပ်ချုပ်ရေးမှူးတစ်ဦးအား ကျည်ဆံတစ်တောင့်နှင့်အတူ ခြိမ်းခြောက်စာပို့

ဧရာဝတီတိုင်း အတွင်းရှိကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦးထံသို့ ဒေသခံ PDF က ကျည်ဆံတစ်တောင့်နှင့် သတိပေးစာတစ်စောင်ကို ပေးပို့ခဲ့သည်ဟု ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

သတိပေးစာကို သာပေါင်းမြို့နယ် ထန်းဇင်လှကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်စန်းအား ဒေသခံ PDF အဖွဲ့က ကျည်ဆံတစ်တောင့်နှင့် သတိပေးစာ ကို ယင်းရွာတွင် ပြေးဆွဲနေသည့် စက်လှေတစ်စီးဖြင့် ဩဂုတ်လ ၁၉ ရက်နေ့က ပေးပို့လိုက်ခြင်းဖြစ်သည်ဟု ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦးက ပြောသည်။

"ကာယကံရှင် အုပ်ကြီး (ကျည်ဆံပို့ခံရသူ) ကတော့ သက်ဆိုင်ရာကို သတင်းပို့တိုင် ကြားထားတယ်"

ယင်းအုပ်ချုပ်ရေးမှူးက သူနှင့် စစ်ကောင်စီ၏ မကောင်းကြောင်းပြောသူများကို တောင်းပန်ခိုင်းပြီး မတောင်းပန်ပါက စစ်တပ်ကိုတိုင်၍ ဖမ်းမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း၊ ထို့အပြင် သာပေါင်း Oxygen စက်ရုံ တည်ဆောက်ရန် ပိုက်ဆံ အတင်းအဓမ္မ ထည့်ခိုင်းခြင်းများလည်းရှိသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် NLD ထောက်ခံသူများကိုလည်း အဖမ်းခံရမည်ဟု ခြိမ်းခြောက်သူဖြစ်ကြောင်း ထန်းဇင်လှကျေးရွာက ဒေသခံများက ဆိုသည်။

ကျည်ဆံတစ်တောင့်နှင့် သတိပေးစာ ပေးပို့ခံရသူ ထန်းစင်လှ ကျေးရွာအုပ်ချုပ်မှူး ဦးမြင့်စန်းအား ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပါ။

သာပေါင်းမြို့နယ်၊ ထန်းဇင်လှကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်စန်းသည် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အုပ်ချုပ်ရေးမှူးရာထူး ရလာသူ ဖြစ်ပြီး စစ်တပ်နှင့် နီးကပ်သည့် ဆက်ဆံရေးရှိသူဖြစ်ကြောင်း ဒေသခံများက ပြောသည်။

Most read this week

August 5, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက် ဖလူးဒေသတစ်ဝိုက်တွင် နယ်မြေပြန်လည်ထိန်းချုပ်ရန် အင်အားအလုံး...
August 4, 2026
ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်အတွင်း အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ ၂၇ ဦးမှာ...
ပုံဟောင်း (တပ်မတော်လေ)
August 3, 2026
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာအနီးတွင် ယနေ့ (ဩဂုတ်လ ၃ ရက်)...
August 3, 2026
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ ကိုယ်စားလှယ်တစ်ဦးသည် ဩဂုတ်လ ၃ ရက်နေ့တွင် နိုင်ငံတော်...