ဂန့်ဂေါတွင် စစ်ယာဉ်တန်းတိုက်ခိုက်မှုမှာ အမှန်ဖြစ်ကြောင်း YPDF နှင့် ဒေသခံများပြော

ဂန့်ဂေါတွင် စစ်ယာဉ်တန်းတိုက်ခိုက်မှုမှာ အမှန်ဖြစ်ကြောင်း YPDF နှင့် ဒေသခံများပြော

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့အနီးတွင် စစ်ကောင်စီယာဉ်တန်းကို ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YPDF က မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကား နှစ်စီး မိုင်းထိပြီး စစ်ကောင်စီဘက်က အယောက် ၂၀ ကျော်သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု YPDF က ထုတ်ပြန်ထားသည်။

ဂန့်ဂေါမြို့မြောက်ဘက် ဖိုးမော်ကြီးကွေ့အနီးတွင် သြဂုတ်လ ၁၉ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က မိုင်းခွဲတိုက်ခိုက်ရာ စစ်ကား ၂ စီး မိုင်းထိပြီး စစ်ကောင်စီဘက် ၂၀ ကျော်သေဆုံးပြီး၊ ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၁၀ ဦးရှိခဲ့ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။

သို့သော်လည်း ဩဂုတ်လ ၁၉ ရက်က ဂန့်ဂေါ-ကလေးကားလမ်း အတိုင်းမောင်းလာသည့် စစ်တပ်ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၃၀ ခန့် ကျဆုံးဒဏ်ရာရသည်ဆိုသည့်သတင်းမှာ သတင်းအမှားသာဖြစ်သည်ဟု စစ်ကောင်စီဘက်က ငြင်းဆိုထားသည်။

ဂန့်ဂေါမှ ကလေးဘက်သို့ ထွက်လာခဲ့သည့် စစ်ယာဉ်တန်း အစီး ၄၀ ဝန်းကျင်ရှိပြီး လမ်းတလျှောက်မှ ကျေးရွာများရှိ ပြည်သူများ၏ ဆိုင်ကယ် အစီးရေ ၅၀ ကျော်ကို လုယူကြသည့်သတင်းကြောင့် YPDF က မိုင်းထောင်ပြီး ကြားဖြတ်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဂန့်ဂေါဒေသခံအချို့က ပြောသည်။

"ကျမတို့ ရွာတွေမှာ ပြေးရတာ နှစ်ရက်ရှိပြီ။ မနေ့ကနဲ့ ဒီကနေ့ဆိုရင် ဆိုင်ကယ်အစီးရေ ၅၀ ကျော်ပါသွားတယ်။ ရွာထဲကိုဝင်ပြီး လိုတာကိုယူနေကြတာ ကားတွေနဲ့သယ်ယူနေကြတယ်။ သူတို့အတွက် ရွာတွေဘက်က ရိက္ခာမရှားဘူးဖြစ်နေတော့ လိုတာအကုန်ယူတယ်" ဟု ဂန့်ဂေါမြို့က ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ဂန့်ဂေါမြို့နယ်ထဲက ကျေးရွာများကို စစ်ကောင်စီလက်နက်ကိုင်များက အရပ်ဝတ်များဖြင့် ဝင်ရောက်၍ အိမ်စီးကားများ၊ ဆိုင်ကယ်များဖြင့် ဇူလိုင်လအတွင်းကစတင်၍ မကြာခဏ ရောက်ရှိလာကြပြီး ရိက္ခာနှင့် အသုံးအဆောင်များကို စစ်ကားများဖြင့် သယ်ယူလေ့ရှိကြကြောင်း ဒေသခံများက ပြောသည်။

"ဆန် ဆီ ဆေး ဆား ဟင်းချို ပန်းကန် ဆိုင်ကယ်နဲ့ အဝတ်အထည် ငွေကြေး၊ ဖုန်းငွေဖြည့်ကဒ်နဲ့ စက်ပစ္စည်း သူတို့လိုတာ အကုန်ယူတယ်။ ကြက်သတ် ဝက်သတ် နွားသတ် အကုန်လုပ်တယ်။ လူတွေကတော့ ရှောင်ကြရတယ်။ နေ့လည်ကတော့ ဆိုင်ကယ်တွေနဲ့ဝင်လာလို့ ရွာထဲကိုရောက်မှ ထပြေးကြရတယ်" ဟု ဂန့်ဂေါမြို့ ဒေသခံအမျိုးသမီးက ဆက်ပြောသည်။

စစ်ကောင်စီကားများသည် ဂန့်ဂေါမြို့နယ်ထဲရှိ နှင်းခါးရွာတွင် ဝင်ရောက်တပ်စွဲထားပြီး ညနေပိုင်း နှင်းခါးရွာအနီးတွင် တိုက်ပွဲထပ်ဖြစ်ခဲ့သည်ဟု ပြောသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

နှင်းခါးရွာရှိ အိမ်များမှ ပစ္စည်းများကို ဩဂုတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကားများပေါ်သို့ တင်ဆောင်နေကြပြီး အခြားကျေးရွာများမှ ပျူစောထီးဆိုသူများကလည်း ဆိုင်ကယ် ၁၈ စီးဖြင့် နှင်းခါးရွာထဲတွင် စစ်တပ်နှင့် ပူးပေါင်းနေကြောင်း ဒေသခံများက ပြောသည်။

ကလေး-ဂန့်ဂေါ ကားလမ်းဘေးရှိ ကျေးရွာအချို့မှ ပြည်သူများမှာ ကြောက်လန့်သဖြင့် တောထဲသို့ တိမ်းရှောင်နေကြရသည်ဟု ဒေသခံများက ဆိုသည်။

ယင်းမာပင်မြို့နယ်က လမ်းပြုပြင်လုပ်သားများပါဝင်သည့် ရွှေညီကို ကုန်တင်ယာဉ်လိုင်းက ကားမိုင်းထိခြင်းဖြစ်ကြောင်း စစ်ကောင်စီက မီဒီယာအချို့တွင် ပြောဆိုထားသည်။

 
 

 

 

Most read this week

August 5, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက် ဖလူးဒေသတစ်ဝိုက်တွင် နယ်မြေပြန်လည်ထိန်းချုပ်ရန် အင်အားအလုံး...
August 4, 2026
ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်အတွင်း အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ ၂၇ ဦးမှာ...
ပုံဟောင်း (တပ်မတော်လေ)
August 3, 2026
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာအနီးတွင် ယနေ့ (ဩဂုတ်လ ၃ ရက်)...
August 3, 2026
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ ကိုယ်စားလှယ်တစ်ဦးသည် ဩဂုတ်လ ၃ ရက်နေ့တွင် နိုင်ငံတော်...