အသုတ်မြို့တွင် ဒလန်ဟုစွပ်စွဲခံရသူတစ်ဦး ပစ်သတ်ခံရ

အသုတ်မြို့တွင် ဒလန်ဟုစွပ်စွဲခံရသူတစ်ဦး ပစ်သတ်ခံရ

ဧရာဝတီတိုင်း၊ အသုတ်မြို့မှ အကြမ်းဖက်စစ်ကောင်စီ၏ သတင်းပေး ဒလန်ဟုဆိုသော အမျိုးသားတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများက ပြောသည်။

သြဂုတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရသောကြောင့် သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အသုတ်မြို့၊ အမှတ် ၄ ရပ်ကွက်၊ ပုသိမ်-မုံရွာ ကားလမ်းပေါ်ရှိ ဝင်းနိုင်ဦး ဆိုင်ကယ်ရောင်းဝယ်ရေး ဆိုင်ပိုင်ရှင်ဖြစ်သူ အသက် ၄၅ နှစ် အရွယ်ခန့်ရှိ ဦးဝင်းနိုင်ဦးအား ဆိုင်ကယ်စီးလာသည့် အမည်မသိ လူ ၂ ဦးက သေနတ်ဖြင့် အနီးကပ်ပစ်ခတ်သွားခြင်းဖြစ်သည်။

"ပစ်သွားတဲ့ကျည်ဆံက လူဂါပစ္စတို MM5 ကျည်ဆံပါ။ ဘယ်အဖွဲ့အစည်း ဘယ်သူဆိုတာ မသိရသေးဘူး စစ်ဆေးဆဲပါ။ ဆိုင်ကယ်ဆိုင်က CCTV မှတ်တမ်းကတစ်ဆင့် ဖမ်းဆီးရမိရေးကို ဆောင်ရွက်နေပါတယ်" ဟု ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောသည်။

ဦးဝင်းနိုင်ဦးမှာ ဆိုင်ကယ်အရောင်းဆိုင်ဖွင့်လှစ်ထားပြီး ရွှေအသုတ် အောက်စီဂျင်အခမဲ့ ဖြန့်ဝေရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားကာ စစ်ကောင်စီ၏ လက်အောက်ခံ အုပ်ချုပ်ရေးစီမံအဖွဲ့ထံ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်သူများ၏ သတင်းများအား ပေးပို့နေသည့် ဒလန်တစ်ဦး အဖြစ် နာမည်ကြီးနေသူဖြစ်ကြောင်း မြို့ခံအများအပြားက ပြောသည်။

ရေကြည်မြို့နယ်၊ အသုတ်မြို့တွင် ပြီးခဲ့သည့်မေလအတွင်းက ဗုံး ၃ လုံးပေါက်ကွဲခဲ့ရာတွင် ဦးဝင်းနိုင်ဦး၏ နေအိမ်ရှေ့တွင် ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး ထိုပေါက်ကွဲမှုဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပေ။

သို့သော် အဆိုပါ ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ဒေသခံ ၈ ဦးကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ထို့နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

 
 

 

 

August 7, 2026
မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေများ စီးဆင်းမှုတို့ကြောင့် ရခိုင်ပြည်၊ မြေပုံမြို့နယ်...
ဓာတ်ပုံ - NMG (ပုံဟောင်း)
August 7, 2026
ကချင်ပြည်မြောက်ဖျားပိုင်း ခေါင်လန်ဖူးမြို့နယ်အတွင်း၌ စစ်အုပ်စုတပ်က အင်အားဖြည့်တင်းမှုများ...
ဓာတ်ပုံ - AFP (ပုံဟောင်း)
August 7, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခုတွင် စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့အကြား စစ်ရေး...
August 6, 2026
ငဝန်မြစ်ရေကာတာ ကျိုးပေါက်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင်...