ဖလမ်းမြို့နယ်၊ တာလ်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်တပ်စွဲမှုကြောင့် တစ်ရွာလုံး ထွက်ပြေးတိမ်းရှောင်နေရ

ဖလမ်းမြို့နယ်၊ တာလ်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်တပ်စွဲမှုကြောင့် တစ်ရွာလုံး ထွက်ပြေးတိမ်းရှောင်နေရ

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ တာလ် (Taal) ကျေးရွာတွင် ယခု သြဂုတ်လဆန်းပိုင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၅ ရက်ကြာ ဝင်ရောက်တပ်စွဲမှုကြောင့် တစ်ရွာလုံး ထွက်ပြေးတိမ်းရှောင်နေရသည့်အပြင် ကျေးရွာတွင်းရှိ လူနေအိမ်များကိုလည်း ဖျက်ဆိးခဲ့ကြသည်ဟု သိရသည်။

“စစ်သားတွေလာလို့ သေနတ်သံတွေ၊ ဗုံသံတွေကြားလို့ ကြောက်လို့ အရင်အပတ်က တရွာလုံး ထွက်ပြေးကြတယ်၊ တချို့က ဖလမ်းကိုပြေးတယ်၊ တချို့က လုံခြုံတဲ့နေရာကို ထွက်ပြေးတာပါ။ စစ်သားတွေက ၅ ညလောက်အိပ်တော့ အိမ်တွေလည်းဖောက်တယ်၊ အဝတ်တွေ ပစ္စည်းတွေက အကုန်လုံးပျက်စီးခိုင်းတယ်ဆိုတော့ အခုထိ ရှာလို့ကိုမရဘူး။ မတွေ့သေးတာလည်း အများကြီးရှိတယ်၊ အိမ်တွေလည်း သေနတ်နဲ့ပစ်တာထင်တယ်၊ တရွာလုံးပျက်စီးနေတာ။ ဝက််က ၇ ကောင်၊ ကြက်က ၁၀၀ နီးပါးလောက် သတ်ကြတယ်။ သူ့တို့ဖျက်ဆီးတာက အိမ်ထဲဝင်တာနဲ့ မျက်ရည်နဲ့ပဲဖြစ်ရတယ်၊ ဘုရားကျောင်းမှာလည်း ညစ်ပတ်နေတာ။ ပလင်ပေါ်မှာလည်းအိပ်ကြတော့ ကျမ်းစာတွေလည်း ရှုပ်ပွနေတာ” ဟု တာလ်ဒေသခံတစ်ဦးက ပြောသည်။

တာလ်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားမှု မရှိတော့သော်လည်း ၎င်းတို့ ဝင်ရောက်ဖျက်ဆီးခဲ့မှုများကြောင့် နေအိမ်များတွင် နေထိုင်ရန်အတွက် အဆင်မပြေသည့်အပြင် ဒေသခံများ ကြောက်ရွံံ့ထိတ်လန့်မှု ရှိသေးသောကြောင့် ရွာတွင်ပြန်လာထိုင်သူ မရှိသေးကြောင်းလည်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တာလ်ကျေးရွာတွင် ဝင်ရောက်ဖျက်စီးခြင်းသည် ၂ ကြိမ်မြောက်ရှိပြီဖြစ်ပြီး ပထမအကြိမ် ဝင်ရောက်မှုတွင်လည်း အိမ်မွေးတိရစ္ဆာန်များနှင့် ဒေသခံများ၏ အိမ်တွင်းပစ္စည်းများကို ကားဖြင့် တင်ဆောင်သွားခဲ့ကြောင်းလည်း သိရသည်။

ဖလမ်းမြို့မှ တာလ်ကျေးရွာသည် ၁၄ မိုင်ခန့်ကွာဝေးပြီး အိမ်ခြေ ၃၇ အိမ်ရှိသည့် ကျေးရွာတစ်ရွာဖြစ်သည်။

တာလ်ကျေးရွာနှင့် ၃ မိုင်ခန့်အကွာတွင်ရှိသည့် အိမ်ခြေ ၂၀ ကျော်ခန့်ရှိသော ကျေးရွာတွင်လည်း စစ်ကောင်စီတပ်ဖွဲ့များမှ ဝင်ရောက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။

 
 

 

 

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...