နှုတ်ထွက်ထားသည်ဆိုသော အုပ်ချုပ်ရေးမှူး သေနတ်ဖြင့်ပစ်ခံရ

နှုတ်ထွက်ထားသည်ဆိုသော အုပ်ချုပ်ရေးမှူး သေနတ်ဖြင့်ပစ်ခံရ

ပုလောမြို့နယ်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး နေအိမ်တွင် သေနတ်ဖြင့်ပစ်ခံခဲ့ရပြီး ဒဏ်ရာရရှိခဲ့သည်။

တင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပုလောမြို့နယ် လက္ကူးကျေးရွာက အုပ်ချုပ်ရေးမှူး ဦးသက်နိုင် နေအိမ်တွင်ရှိနေစဉ် ဩဂုတ်လ ၁၄ ရက်နေ့ ည ၁၀ နာရီဝန်းကျင်ခန့်တွင် လူတစုက လက်လုပ်သေနတ်ဖြင့် နှစ်ချက် ဝင် ရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

"ညက သေနတ်သံနှစ်ချက်ကြားတယ်၊ တူးမီးသေနတ်ထင်တယ်၊ အသံက ကျယ်တယ်၊ သားဖွားဆရာမ အရေး ပေါ်ကား လှမ်းအကူညီတောင်းပေးတာ မကြာဘူး လူနာတင်ကားလည်း ရောက်လာတယ်" ဟု လက္ကူးရွာ ဒေသခံတစ်ဦးက ရှင်းပြသည်။

သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှုးသက်နိုင် လည်ပင်းတွင် ခဲကျည် ၂ ချက်၊ ပခုံးတွင် ခဲကျည် ၄ ချက်နှင့် နောက်ကျောတွင် ကျည် ၂ ချက် ထိမှန်ခဲ့ပြီး လက်ရှိတွင် အသက်အန္တရာယ် မစိုးရိမ်ရပဲ စကားပြောနိုင်ပြီဟု ပုလောမြို့ပြည်သူ့ဆေးရုံကြီးက တာဝန်ကျ ဆရာဝန်တစ်ဦး က ပြောသည်။

အဆိုပါပစ်ခတ်မှုကို မည်သည့်အဖွဲ့အစည်းက ပြုလုပ်သည်ကို မသိရှိရသေးပေ။

သေနတ်ဖြင့် အပစ်ခံရသူ ဦးသက်နိုင်သည် ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ခန့်ထားသည့် အုပ်ချုပ်ရေးမှူးဖြစ်ပြီး ကျေးရွာနှင့် ဒေသတွင်းသတင်းများကို စစ်ကောင်စီအား သတင်းပေးနေသူဖြစ်သည်ဟု လက္ကူးရွာသားတစ်ဦး ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့ နံနက်၂ နာရီခွဲအချိန်ခန့်ကလည်း အဆိုပါနေအိမ်မှာပင် ပထမအကြိမ် လက်လုပ်ဗုံးတစ်လုံး ကွဲခဲ့သေးသည်။

ထိုဗုံးကွဲမှုတွင် ၎င်း၏နေအိမ်ရှေ့ ဝရန်တာနှင့် အိမ်ရှေ့ခန်းတွင် အနည်းငယ်သာပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပေ။

ပထမအကြိမ် နေအိမ်ဗုံးပေါက်ခဲ့ပြီးသည့်နောက် အုပ်ချုပ်ရေးမှူးဦးသက်နိုင်သည် လက္ကူးရွာအုပ်ချုပ်ရေးမှူးအဖြစ်မှ နှုတ်ထွက်စာတင်ပြီးကြောင်း ရွာသားများအား ပြောဆိုခဲ့သော်လည်း ယခုအချိန်ထိ ထိုနေရာတွင် တာဝန်ယူထားဆဲဖြစ်ပြီး စစ်ကောင်စီတပ်နှင့် အပေးအယူမျှနေဆဲဖြစ်သည်ဟု လက္ကူးရွာသားများက ပြောသည်။

 
 

 

 

August 8, 2026
စစ်အုပ်စုကို ပြန်လည် ထိတွေ့ဆက်ဆံရန် ထိုင်းနိုင်ငံက အာဆီယံကို တိုက်တွန်းပြောဆိုထားသော်လည်း လက်ရှိ...
August 8, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် မုဒိမ်းကျင့်လူသတ်မှုနှင့်ပတ်သက်၍...
August 7, 2026
မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေများ စီးဆင်းမှုတို့ကြောင့် ရခိုင်ပြည်၊ မြေပုံမြို့နယ်...
ဓာတ်ပုံ - NMG (ပုံဟောင်း)
August 7, 2026
ကချင်ပြည်မြောက်ဖျားပိုင်း ခေါင်လန်ဖူးမြို့နယ်အတွင်း၌ စစ်အုပ်စုတပ်က အင်အားဖြည့်တင်းမှုများ...