ဝိုင်းမော် စစ်ရှောင်စခန်းတွင် အစားအသောက်နှင့် ဆေးဝါးပစ္စည်းများ ကူညီပေးဖို့ လိုအပ်နေ

ဝိုင်းမော် စစ်ရှောင်စခန်းတွင် အစားအသောက်နှင့် ဆေးဝါးပစ္စည်းများ ကူညီပေးဖို့ လိုအပ်နေ

ဝိုင်းမော်မြို့ ရပ်ကွက် (၃) ရှိ စစ်ရှောင်စခန်း အမှတ် ၂ တွင် Covid-19 lock down ပြုလုပ်လိုက်သောကြောင့် အစားအသောက်နှင့် ဆေးဝါးပစ္စည်းများ ကူညီထောက်ပံ့ပေးမှု လိုအပ်နေကြောင်း စစ်ရှောင်များထံမှ သိရသည်။

ပြီးခဲ့သော ဇူလိုင် ၁၄ ရက် နောက်ပိုင်း မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့ပေါ် ရပ်ကွက်များတွင် Covid-19 ရောဂါကူးစက်မှုနှုန်းများပြားလာသည့်အတွက် ၎င်းတို့ စစ်ရှောင်စခန်းကိုလည်း အသွားအလာ ကန့်သတ်လိုက်သောကြောင့် အစားအသောက် အလွန်ခက်ခဲသွားကြောင်း စစ်ရှောင်တာဝန်ခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“ကျနော်တို့စခန်းမှာ ကိုဗစ်ကူးစက်မှာကို စိုးရိမ်တဲ့အတွက် ဇူလိုင်လမှာ Lock down ချလိုက်တယ်။ နောက်ပိုင်း စစ်ရှောင်တွေလည်း အပြင်ထွက်နေ့စားအလုပ်တွေ မလုပ်နိုင်တော့ အရမ်းခက်ခဲနေရတယ်။ တစ်ချို့ဆို စားစရာဆန်မရှိလို့ ဆန်ပြုတ်စားရတဲ့သူတွေ ရှိတယ်။ ဒီကာလ ဘယ်လောက်ထပ်ကြာအုံးမလဲ မသိဘူး။ ဒါကြောင့် မည်သည့်အဖွဲ့အစည်းမဆို ကူညီပေးဖို့တောင်းဆိုချင်ပါတယ်” ဟု ပြောဆိုသည်။

ထို့နောက် စခန်းအတွင်း စစ်ရှောင်တစ်ချို့မှာ ရာသီပေါ်တုတ်ကွေးရောဂါ ဖြစ်ပွားမှုများရှိနေသော်လည်း ကျန်းမာရေးအတွက် လိုအပ်သည့် အထောက်အကူပြု ဆေးဝါးပစ္စည်းများမရှိသောကြောင့် အခက်အခဲကြုံတွေ့နေရကြောင်း သူက ဆက်ဆိုသည်။

အဆိုပါစစ်ရှောင်းများသည် ၂၀၁၈ ခုနှစ်တွင် အင်ဂျန့်ယန် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများဖြစ်ကာ စစ်ရှောင် အိမ်ထောင်စု ၈၁ ခုနှင့် လူဦးရေ ၄၀၀ နီးပါးရှိကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ်နှင့် မြစ်ကြီးနားမြို့တွင်း အခြားသော စစ်ရှောင်စခန်းများတွင်လည်း Covid-19 ကန့်သတ်ပိတ်ပင်မှုကြောင့် အစားအသောက် ခက်ခဲမှုရှိနေကြောင်း သိရပါသည်။

 
 

 

 

May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...
May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...