ကလေးနှင့် ချင်းပြည်နယ် နယ်စပ်အနီး ယနေ့တိုက်ပွဲဖြစ်ပွားမှု စကစတပ်သား ၃ ဦးသေဆုံး

ကလေးနှင့် ချင်းပြည်နယ် နယ်စပ်အနီး ယနေ့တိုက်ပွဲဖြစ်ပွားမှု စကစတပ်သား ၃ ဦးသေဆုံး

ကလေးမြို့နှင့် ချင်းပြည်နယ် နယ်စပ်တွင် အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်များနှင့် PDF (Kalay) တပ်ဖွဲ့များယနေ့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖက်မှ ၃ ဦးသေဆုံးပြီး PDF တပ်ဖွဲ့ဝင်တစ်ဦး အပေါ်ယံရှပ်ထိ ဒဏ်ရာရရှိကြောင်း သိရသည်။

ကလေးမြို့နယ်တောင်ပိုင်း နတ်ချောင်းရွာအတွင်းသို့ အကြမ်းဖက်ဝင်ရောက်စီးနင်းရှာဖွေပြီး ချင်းပြည်နယ်အစပ် ပန်းမွန်ချောင်းကျေးရွာတွင် တပ်စွဲ‌နေရာယူထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့မွန်းလွဲပိုင်း၌ ပန်းမွန်ချောင်းကျေးရွာ၏ တောင်ဘက်ကြောတလျှောက်မှတဆင့် ချောင်းခွ နတ်ချောင်း ဘက်သို့ ရွှေ့ပြောင်းလာရာတွင် PDF (Kalay) တပ်ဖွဲ့များက မွန်းလွဲ ၂ နာရီခွဲ အချိန်ခန့်မှစတင်၍ ပိတ်ဆို့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ည ၈ နာရီအချိန်ခန့်အထိ တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု PDF (Kalay) က ထုတ်ပြန်သည်။

တိုက်ပွဲအတွင်း PDF (Kalay) တပ်ဖွဲ့ဝင်များက စစ်ကောင်စီတပ်သား အနည်းဆုံး ၃ ဦးကို အသေပစ်ခတ်ချေမှုန်းသုတ်သင်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် PDF (Kalay) တပ်ဖွဲ့ဝင်တစ်ဦး အပေါ်ယံရှပ်ထိ ဒဏ်ရာရရှိခဲ့ပါသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် နတ်ချောင်းကျေးရွာတွင် ဆက်လက်တပ်စွဲထားဆဲဖြစ်ရာ ထိတွေ့မှုများ ဆက်လက်ဖြစ်ပေါ်နိုင်သည်ဖြစ်သောကြောင့် ကလေး-ဂန့်ဂေါအကြား ကားများ မှန်ချမောင်းနှင်သွားလာရန်နှင့် ဒေသခံပြည်သူများ လုံခြုံရေး အသိ၊ သတိရှိစွာဖြင့် နေထိုင်သွားလာရန် အသိပေးအပ်ခဲ့ကြောင်း သိရသည်။

 
 

 

 

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...