ထောင်ဝန်ထမ်းများကို လျှပ်စစ်ကျင်စက်တုတ် တပ်ဆင်မည်

ထောင်ဝန်ထမ်းများကို လျှပ်စစ်ကျင်စက်တုတ် တပ်ဆင်မည်

မြန်မာနိုင်ငံတဝှမ်းရှိ အကျဉ်းထောင်ဝန်ထမ်းများကို လျှပ်စစ်ကျင်စက်ပါ နံပါတ်တုတ် ၂၄၀၀ ကျော်ခန့် တပ်ဆင်ပေးသွားရန်ရှိကြောင်း အငြိမ်းစား ထောင်ဝန်ထမ်းတစ်ဦးက ပြောသည်။

ဘတ်ဂျက်အနေဖြင့် သိန်း ၁၅၀၀ ကျော်ချထားပေးပြီး တရုတ်နိုင်ငံထုတ်များဖြစ်နိုင်ကြောင်း တင်ဒါခေါ်လျှင်လည်း လက်သိပ်ထိုး (အကျိုးအမြတ်၊ အခွင့်အရေး၊ လုပ်ပိုင်ခွင့် တစ်စုံတစ်ရာကို မိမိနှင့်နီးစပ်သူသာ ရရှိအောင်လုပ်ဆောင်ခြင်း) နီးစပ်သူများရနိုင်ကြောင်း အဆိုပါ အငြိမ်းစားထောင်ဝန်ထမ်းက ဆက်ပြောသည်။

အွန်လိုင်းပေါ်တွင်ရောင်းချနေသည့် တရုတ်လုပ် အရှည် ၁၈ လက်မခန့်ရှိ လျှပ်စစ်နံပါတ်တုတ်သည် အသားကပ်ထိုးရပြီး သုံးသောင်းခွဲမှ ငါးသောင်းကျပ်အထိပေးရသည်ဟု ကြည်မြင်တိုင်မြို့နယ် ဈေးကလေးရပ်ကွက်က လျှပ်စစ်နံပါတ်တုတ်အား ဝယ်ယူထားသူတစ်ဦးက ပြောသည်။

အကွာအဝေး ၇ ပေ မှ ၁၀ ပေအထိရောက်သည့် ဗို့အားပြင်း လျှပ်စစ်နံပါတ်တုတ်များလည်းရှိကြောင်း အဆိုပါ လျှပ်စစ်နံပါတ်တုတ် ဝယ်ယူထားသူက ဆက်ပြောသည်။

”အွန်လိုင်းမှာရောင်းတာတွေက အရမ်းပြင်းတဲ့ သတိလစ်တဲ့အထိဖြစ်တဲ့ဟာတွေ ရှိတယ်“ ဟု ကြည်မြင်တိုင်မြို့နယ် ဈေးကလေးရပ်ကွက်က လျှပ်စစ်နံပါတ်တုတ် ဝယ်ယူထားသူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့ အင်းစိန် ဗဟိုအကျဉ်းထောင်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့က နိုင်ငံရေးအကျဉ်းသားအချို့ ထောင်တွင်းဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး မန္တလေးအိုးဘိုထောင်တွင်လည်း သြဂုတ်လ ၈ ရက်နေ့က ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ လျှပ်စစ်နံပါတ်တုတ်များ တပ်ဆင်မည့်သတင်း ထွက်လာရခြင်းဖြစ်သည်။

လက်ရှိ အကျဉ်းဦးစီးဌာနအောက်တွင် အကျဉ်းထောင်ပေါင်း ၂၆ ခု၊ အချုပ်ထောင် ၂၀၊ စိုက်ပျိုးမွေးမြူရေးစခန်း ၃၀၊ ကုန်ထုတ်စခန်း ၁၈ ခုနှင့် ပြုပြင်ပြောင်းလဲရေးစခန်း ၂ ခုရှိပြီး နောက်ထပ် အကျဉ်းထောင်အသစ် ၃ ခုကိုလည်း ထပ်မံဆောက်ရန် ပြည်ထဲရေးဝန်ကြီးဌာနတွင် အစီအစဉ်ရှိကြောင်းလည်း သိရသည်။

 
 

 

 

Most read this week

December 17, 2025
လာမည့် ၂၀၂၆ ခုနှစ်တွင် မြန်မာပြည်သူ ၁၂ သန်းကျော်သည် ဆာလောင်မွတ်သိပ်မှုဒဏ်ကို ပြင်းထန်စွာ...
December 16, 2025
စစ်ကော်မရှင်က ကျင်းပရန် စီစဉ်နေသည့် အတုအယောင် ရွေးကောက်ပွဲသည် တရားမျှတမှု မရှိဘဲ စစ်အာဏာ...
December 15, 2025
မွန်ပြည်တွင် စစ်ကော်မရှင်က ကျားဖြန့်ခေါင်းစဉ်ဖြင့် ရှမ်းပြည်သားများကို တည်းခိုခွင့်...
December 10, 2025
သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် ရွေးကောက်ပွဲ ဥပဒေဖြင့် သတင်းမီဒီယာနှင့် ပြည်သူများ ခြိမ်းခြောက်...