လဲချားမြို့နယ်ရောက် စစ်ရှောင် စားဝတ်နေရေးခက်ခဲနေ

လဲချားမြို့နယ်ရောက် စစ်ရှောင် စားဝတ်နေရေးခက်ခဲနေ

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ် ဝမ်ထီကျေးရွာအတွင်း စစ်ဘေးရှောင်တစ်ချို့ ထပ်မံရောက်ရှိလာပြီး စားဝတ်နေရေးခက်ခဲနေကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ စစ်ဘေးရှောင်များသည် လွန်ခဲ့သည့် (၂) လခန့်က ဖြစ်ပွားသည့် ကျေးသီးမြို့နယ် လွိုင်ဟွန်း တိုက်ပွဲကြောင့် မိုင်းနန်း ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် နေထိုင်ကြပြီး၊ လက်ရှိမှာ ဝါတွင်းကာလဖြစ်သဖြင့် ဘုန်းကြီးကျောင်းတွင် နေထိုင်ရန် အဆင်မပြေတော့ကြောင်း၊ ထို့ကြောင့် လဲချားမြို့ပေါ် ထပ်မံရှောင်လာရကြောင်း သိရသည်။

“သူတို့ပြေးတာ အခုမှ ပြေးတာမဟုတ်ဘူး။ လွန်ခဲ့တဲ့ ၁ လ ၂ လ လောက်ကတည်းက ထွက်ပြေးကြတာ။ တစ်ချို့လည်း ခုချိန်ထိ အိမ်မပြန်နိုင်သေးဘူးပေါ့နော်။ ပြန်ရင်လည်း လုံခြုံမှုမရှိဘူးလို့ သူတို့ထင်တယ်။ ဒါကြောင့် ဝမ်ထီမှာ နေဖို့ဆုံးဖြတ်လိုက်တယ်။ အခြေအနေကောင်းရင်တော့ပြန်မယ်” ဟု သွားရောက်ကူညီပေးနေသည့် အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ ဝမ်ထီကျေးရွာအတွင်း ရောက်ရှိနေသည့် စစ်ရှောင် (၆၀) ကျော်အတွက် ကျေးရွာမှ နေထိုင်စရာပေးသွားမည်ဖြစ်ကြောင်း လက်ရှိမှာ စာသင်ကျောင်း အဟောင်းတွင်သာနေထိုင်ရပြီး အစားအသောက်၊ အနေအထိုင် ခက်ခဲနေကြောင်း သိရသည်။

“သူတို့ခုနေထိုင်တာက စာသင်ကျောင်းအဟောင်းမှာနေတယ်။ အမိုးတွေလည်း မကောင်းတော့ဘူး။ တစ်ချို့ကလည်း ထော်လဂျီပေါ် အိပ်ကြတာ။ အနေအထိုင်တွေ အခက်ခဲဖြစ်နေတယ်” ဟု သွားရောက်ကူညီပေးနေသည့် အမျိုးသားတစ်ဦးက ပြောသည်။

လွန်ခဲ့သည့် ဇွန်လဆန်းပိုင်းတွင် သျှမ်းတပ် (၂) တပ်သည် လွိုင်ဟွန်းတောင်ကြောတလျောက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိုအနီးဝန်းကျင်နေထိုင်သည့် ပြည်သူများသည် ယနေ့ချိန်ထိ နေရပ်မပြန်ရဲကြကြောင်း သိရသည်။

လဲချားမြို့နယ် ဝမ်ထီကျေးရွာမှာ ရွာသစ်လာရောက်ထူထောင်သည့် (ဝမ်မိုင်တင်းလီ) ရွာသစ်နှင့် ယခုလက်ရှိ ထပ်မံရောက်ရှိလာသည့် စစ်ရှောင်များသည် ဝမ်ထီကျေးရွာ ဒေသခံများနှင့်အတူ နေထိုင်သွားမည့်ရှိကြောင်း သိရှိရသည်။

လွိုင်ဟွမ်းတိုက်ပွဲကို အကြောင်းပြုပြီး သျှမ်းတပ် (၂) တပ်တိုက်ပွဲကြောင့် စစ်ဘေးရှောင်များ ထောင်ဂဏန်း ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိမှာ နေရပ်သို့ ပြန်သွားကြပြီဖြစ်ကြောင်း သိရသည်။

ယမန်နေ့ သြဂုတ် (၁၁) ရက်နေ့တွင်လည်း သီပေါမြို့နယ် နမ့်လမ်ဒေသအနီးရှိ ဝမ်ကောင်းနှင့် လွယ်လုံရွာကြားမှာ သျှမ်းတပ် (၂) တပ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရက်သားကလေးအပါအဝင် ဒေသခံ (၃၀၀) ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။

 
 

 

 

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...