စစ်ကောင်စီ စစ်ရိက္ခာသယ်သင်္ဘောကို KIA ပစ်ခတ်ပြီးနောက် မြစ်ကြောင်းတစ်လျှောက် လက်နက်ကြီးပစ်ကာ ရွှေကူသို့ ဆန်တက်လာ

စစ်ကောင်စီ စစ်ရိက္ခာသယ်သင်္ဘောကို KIA ပစ်ခတ်ပြီးနောက် မြစ်ကြောင်းတစ်လျှောက် လက်နက်ကြီးပစ်ကာ ရွှေကူသို့ ဆန်တက်လာ

ကသာမြို့နယ်မှ ဆန်တက်လာသည့် စစ်ရိက္ခာသယ် သင်္ဘောတစ်စီးကို KIA က ပစ်ခတ်လိုက်ပြီးနောက် အဆိုပါသင်္ဘောသည် မြစ်ကမ်းတစ်လျှောက် လက်နက်ကြီးများပစ်ခတ်ကာ ရွှေကူမြို့သို့ ဆန်တက်လာကြောင်း သိရသည်။

KIA အနေဖြင့် တစ်နေရာတွင်သာ ပစ်ခတ်မှုပြုလုပ်ခဲ့ပြီး ကျန်သည့်နေရာများတွင် စစ်ကောင်စီဘက်က လမ်းရှင်းသည့်သဘောဖြင့် ရမ်းသမ်းပစ်ခတ်မှုသာဖြစ်သည်ဟု KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကို ပြောသည်။

“ပစ်တာက ၂ နေရာလောက်ရှိတာကို။ ပထမဆုံး KIA က အရင်ပစ်တယ်။ အဲဒီနောက်ပိုင်းတော့ ကျန်တဲ့လမ်းတစ်လျှောက်ကို သူတို့ လမ်းရှင်းတဲ့သဘော ဟိုဘက် ဒီဘက် ပစ်ပြီး တက်လာတာ။ KIA က ဆက်မပစ်တော့ဘူး။ ဆိုတော့ ပစ်တယ်ဆိုလည်း မှန်တယ်။ မပစ်ဘူးဆိုလည်း မှန်တယ်။ ဘာလို့ဆိုတော့ ၂ နေရာလောက် ပစ်ခတ်မှု ဖြစ်သွားတာကို” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ယနေ့ မွန်းလွဲ ၃ နာရီ ဝန်းကျင်ခန့်တွင် ရွှေကူဘက်သို့ ဆန်တက်လာသည့် သင်္ဘောမှာ ရွှေကူမြို့မရောက်မှီ ကျောက်ကြီး ကျေးရွာအနီးတဝိုက်ကြားတွင်လည်း လက်နက်ကြီး အချက် ၂၀ ထက်မနည်း ပစ်ခတ်မှုများ ပြုလုပ်သွားသည်ဟု ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုသည်။

“ကျောက်ကြီးရွာရဲ့ အဝင်နားမှာ ၃ ချက်လောက်ပစ်တယ်။ ရွာထပ်ပိုင်းရောက်တဲ့အခါမှာ ကမ်းရဲ့ တောဘက်ကို ဆက်တိုက် ပစ်တယ်။ အချက် ၂၀ လောက်ရှိမယ်ထင်တယ်။ ပြီးရင် ကျောက်ကြီးရွာရဲ့ အဝင်ထဲက သစ်စက်ထဲမှာလည်း လက်နက်ကြီးကျ တယ်လို့ပြောနေကြတယ်” ဟု ပြောဆိုသည်။

စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် မြစ်ကမ်းဘေး ထိခိုက်မှုအခြေအနေများကို အသေးစိတ်မသိရသေးပါ။

ထို့အပြင် သင်္ဘောသည် ရွှေကူမြို့အတွင်းမရောက်မှီ စစ်ကောင်စီ လေယာဉ်တစ်စီး မြို့အနီးတဝိုက်နှင့် ရေကြောင်းတစ်လျှောက် ပျံဝဲခဲ့ကြောင်း ဒေသခံများပြောဆိုချက်မှ သိရသည်။

အာဏာသိမ်းစစ်တပ်သည် ၎င်း၏စစ်ရိက္ခာနှင့် အင်အားများကို ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်နယ်သို့ သယ်ဆောင်နေပြီး KIA က ကြားဖြတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 
 

 

 

Most read this week

ပူတာအိုမြို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ကိုရဲ / Crd)
August 3, 2026
ကချင်ပြည်၊ ပူတာအိုဒေသတွင် ကုန်စည်ဝင်ရောက်မှု အခက်အခဲများကြောင့် အခြေခံ စားသောက်ကုန်...
ဓါတ်ပုံ - ပုံဟောင်း
August 3, 2026
ကချင်ပြည်၊ မြစ်ကြီးနား - ဆွမ်ပရာဘွမ် လမ်းပိုင်းရှိ လမုန်ဇွပ်စစ်တပ်ဂိတ်တွင် အမျိုးသား ၅ ဦးကို...
July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...
ဓါတ်ပုံ - HPDF
July 31, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း KIA ပူးပေါင်းတပ်နှင့် ရှမ်းနီအမျိုးသားများ...