ရခိုင်တွင် ကိုဗစ်ကြောင့်သေဆုံးသူ ၃ဝ၉ ဦးအထိရှိလာ၊ စစ်တွေတွင် သေဆုံးမှုအများဆုံးဖြစ်

ရခိုင်တွင် ကိုဗစ်ကြောင့်သေဆုံးသူ ၃ဝ၉ ဦးအထိရှိလာ၊ စစ်တွေတွင် သေဆုံးမှုအများဆုံးဖြစ်

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ကြောင့်သေဆုံးသူ ၃ဝ၉ ဦးအထိရှိလာပြီး စစ်တွေမြို့တွင် သေဆုံးမှုအများဆုံးဖြစ်နေကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မေလ ၁၂ ရက်နေ့မှ ယမန်နေ့ သြဂုတ်လ (၁ဝ) ရက်နေ့ ညနေပိုင်းအထိ (၃) လခန့်အတွင်း သေဆုံးမှုဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါထုတ်ပြန်ချက်တွင် စစ်တွေတွင် ၈ဝ ဦး၊ မောင်တောတွင် ၁၆ ဦး၊ သံတွဲတွင် ၂၈ ဦး၊ တောင်ကုတ်တွင် ၆၂ ဦး၊ ဘူးသီးတောင်တွင် ၃ ဦး၊ ကျောက်တော်တွင် ၁၅ ဦး၊ မင်းပြားတွင် ၁ဝ ဦး၊ ဂွတွင် ၈ ဦး၊ ကျောက်ဖြူတွင် ၂၇ ဦး၊ ရမ်းဗြဲတွင် ၆ ဦး၊ ပုဏ္ဏားကျွန်းတွင် ၇ ဦး၊ ပေါက်တောတွင် ၈ ဦး၊ အမ်းတွင် ၁၁ ဦး၊ မြောက်ဦးတွင် ၁၂ ဦး၊ ရသေ့တောင်တွင် ၇ ဦးနှင့် မာန်အောင်တွင် ၉ ဦး၊ စုစုပေါင်း ၃ဝ၉ ဦးဖြစ်ပြီး မြေပုံတွင် သေဆုံးသူမရှိဟု ဖော်ပြထားသည်။

"စစ်တွေမှာ သေဆုံးမှုများနေတာက စစ်တွေတစ်မြို့တည်းမဟုတ်ဘူး။ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ ရသေ့တောင်တို့က လူနာတွေလည်းပါတယ်လေ။ ဥပမာ - စစ်တွေမြို့ပေါ်ကလူ ၆ဝ ဆိုရင် ကျန် ၂ဝ လောက်က တခြားမြို့လူတွေပါတယ်။ ဒါတွေလည်း ထည့်တွက်ရမယ်" ဟု Rakhine Covid–19 Watch အဖွဲ့မှ ကိုဇော်လှိုင်ထွန်းက ပြောသည်။

စစ်တွေမြို့တွင် ယမန်နေ့အထိ ကိုဗစ်ကူးစက်ခံရသူ (၆၁၇) ဦးအထိရှိပြီး ရခိုင်ပြည်နယ်၏ ကိုဗစ်ရောဂါကူးစက်မှု အများဆုံးနေရာတွင်ရှိနေသည်။

ဒုတိယကူးစက်မှုအများဆုံးမြို့မှာ ဂွမြို့ဖြစ်ပြီး ကူးစက်ခံရသူ ၅၂၃ ဦးအထိရှိနေသည်။

တတိယကူးစက်မှုအများဆုံးမြို့မှာ မောင်တောမြို့ဖြစ်ပြီး ကူးစက်ခံရသူ ၄၅၄ ဦးအထိရှိနေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရခိုင်တစ်ပြည်လုံးတွင် ယမန်နေ့အထိ ကိုဗစ်ကူးစက်ခံရသူ ၃,၃၄၃ ဦးအထိရှိပြီး ဆေးရုံတက်ရောက်ကုသခံနေရသူ ၅ဝ၄ ဦးရှိသည်ဟုလည်း ဆိုသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်တတိယလှိုင်းအတွင်း ယမန်နေ့အထိ ကိုဗစ်ကူးစက်ခံရသူပေါင်း (၃၃၇,၅၆၁) ဦး၊ သေဆုံးသူစုစုပေါင်း (၁၂,၂၃၄) ဦးနှင့် ဆေးရုံဆင်းခွင့်ရသူစုစုပေါင်း (၂၅၃,၃၁၃) ဦးရှိနေပြီဖြစ်သည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 
 

 

 

May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...