ခလရ (၅၈) တပ်မှ မဒိန့်ကျေးရွာ ပြည်သူတစ်ဦးကို ဖမ်းဆီးသွား

ခလရ (၅၈) တပ်မှ မဒိန့်ကျေးရွာ ပြည်သူတစ်ဦးကို ဖမ်းဆီးသွား

ဝိုင်းမော် ခလရ (၅၈) တပ်သားများသည် မဒိန့်ကျေးရွာနေ ပြည်သူများ၏ နေအိမ်များအား ဝင်ရောက်ရှာဖွေမူများ ပြုလုပ်ပြီးနောက် ဩဂုတ်လ ၁၀ ရက် ည ၁၁ နာရီဝန်းကျင် ပြည်သူတစ်ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။



"ကျနော်ကြားတာတော့ မဒိန့်ရွာထဲက တစ်ချို့အိမ်တွေမှာ လာစစ်ဆေးတယ်ပြောတယ်။ ပြီးတော့ ကတုတ်ကျင်းတူးထားလို့ဆိုလား ဒေသခံတစ်ယောက်ကို ဖမ်းသွားတာတဲ့" ဟု ဒေသခံတစ်ဦးက ပြောသည်။



လက်ရှိ ဖမ်းဆီးခံသွားရသည့် ပြည်သူအား မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း မသိရသေးပေ။



ထို့ပြင် ဝိုင်းမော်အခြေစိုက် စစ်ကောင်စီ၏ ခလရ (၅၈) တပ်ရင်းသည် ဩဂုတ်လ (၉) ရက်ညကလည်း ဝိုင်းမော် ဘူးဂါးလျှပ်စစ်ရုံးဝန်ထမ်း (၆) ဦးကို ဖမ်းဆီးခဲ့ပြီး စစ်ဆေးနေဆဲဖြစ်သည်ဟု သိရသည်။



ဇူလိုင်လ (၂၉) ရက်ညက ခလရ (၅၈) တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က လာရောက်တိုက်ခိုက်သည့်နောက်ပိုင်း တိုက်ပွဲ ဆက်မဖြစ်တော့သော်လည်း စစ်ကောင်စီတပ်မှ ညစဉ် လူနေကျေးရွာများဘက်သို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်။

May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...
May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...