ခလရ (၅၈) တပ်မှ မဒိန့်ကျေးရွာ ပြည်သူတစ်ဦးကို ဖမ်းဆီးသွား

ခလရ (၅၈) တပ်မှ မဒိန့်ကျေးရွာ ပြည်သူတစ်ဦးကို ဖမ်းဆီးသွား

ဝိုင်းမော် ခလရ (၅၈) တပ်သားများသည် မဒိန့်ကျေးရွာနေ ပြည်သူများ၏ နေအိမ်များအား ဝင်ရောက်ရှာဖွေမူများ ပြုလုပ်ပြီးနောက် ဩဂုတ်လ ၁၀ ရက် ည ၁၁ နာရီဝန်းကျင် ပြည်သူတစ်ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။



"ကျနော်ကြားတာတော့ မဒိန့်ရွာထဲက တစ်ချို့အိမ်တွေမှာ လာစစ်ဆေးတယ်ပြောတယ်။ ပြီးတော့ ကတုတ်ကျင်းတူးထားလို့ဆိုလား ဒေသခံတစ်ယောက်ကို ဖမ်းသွားတာတဲ့" ဟု ဒေသခံတစ်ဦးက ပြောသည်။



လက်ရှိ ဖမ်းဆီးခံသွားရသည့် ပြည်သူအား မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း မသိရသေးပေ။



ထို့ပြင် ဝိုင်းမော်အခြေစိုက် စစ်ကောင်စီ၏ ခလရ (၅၈) တပ်ရင်းသည် ဩဂုတ်လ (၉) ရက်ညကလည်း ဝိုင်းမော် ဘူးဂါးလျှပ်စစ်ရုံးဝန်ထမ်း (၆) ဦးကို ဖမ်းဆီးခဲ့ပြီး စစ်ဆေးနေဆဲဖြစ်သည်ဟု သိရသည်။



ဇူလိုင်လ (၂၉) ရက်ညက ခလရ (၅၈) တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က လာရောက်တိုက်ခိုက်သည့်နောက်ပိုင်း တိုက်ပွဲ ဆက်မဖြစ်တော့သော်လည်း စစ်ကောင်စီတပ်မှ ညစဉ် လူနေကျေးရွာများဘက်သို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်။

January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...