ကိုဗစ်ကာလတွင် ရခိုင်လူထုအတွက် အချက် (၅) ချက်အား အစိုးရကဆောင်ရွက်ပေးရန် ANP တောင်းဆို

ကိုဗစ်ကာလတွင် ရခိုင်လူထုအတွက် အချက် (၅) ချက်အား အစိုးရကဆောင်ရွက်ပေးရန် ANP တောင်းဆို

ကိုဗစ်ကာလတွင် အခက်အခဲဖြစ်နေကြသည့် ရခိုင်ပြည်သူများအတွက် အချက် (၅) ချက်အား ဆောင်ရွက်ပေးရန် ရခိုင်အမျိုးသားပါတီ (ANP) က ပြည်နယ်အစိုးရထံ တောင်းဆိုလိုက်သည်။

ယနေ့ သြဂုတ်လ ၁ဝ ရက်နေ့ ရက်စွဲဖြင့် ရခိုင်ပြည်နယ်အဖွဲ့မှ ဝန်ကြီးချုပ်ထံလိပ်မူကာ ANP က အိတ်ဖွင့်ပေးစာတစ်စောင်ပေးပို့၍ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

တောင်းဆိုလိုက်သည့် အချက်များမှာ -

၁။ Covid-19 ကပ်ရောဂါကာလတွင် စားရေးသောက်ရေးအခက်အခဲရှိနေသော ပြည်သူများအား အမြန်ဆုံး ကူညီထောက်ပံ့မှု အပြည့်အဝ ဆောင်ရွက်ပေးရန်၊

၂။ Covid-19 ကပ်ရောဂါ ကုသရေးလုပ်ငန်းများကို ပို၍ကောင်းမွန်သော စောင့်ရှောက်ကုသမှုဖြစ်အောင် ဆောင်ရွက်ရန်နှင့် အထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ ပြတ်လပ်မှုမရှိအောင် ဆောင်ရွက်ရန်၊

၃။ အလုပ်အကိုင်အခွင့်အလမ်းဆုံးရှုံးပြီး ဝင်ငွေထိခိုက်နေသော ယခုကာလတွင် ကုန်ဈေးနှုန်းကျဆင်းကာ လူမှုဘဝတည်ငြိမ်ရေးအတွက် စားသုံးကုန်များ၊ ဆေးဝါးပစ္စည်းများ၊ ရေလုပ်ငန်းသုံးပစ္စည်းများ၊ လယ်ယာလုပ်ငန်းခွင်သုံးပစ္စည်းများ၊ စက်မှုလက်မှုလုပ်ငန်းသုံးပစ္စည်းများ၊ စက်ကိရိယာပစ္စည်းများ၊ ရခိုင်ပြည်နယ်မှ လယ်ယာထွက်ကုန်ပစ္စည်းများအား စစ်ဆေးကန့်သတ်မှုနှင့် ခွင့်ပြုချက်တောင်းခံရမှုတို့ မပြုလုပ်ရဘဲ လွတ်လပ်စွာ တင်ပို့ရောင်းချခွင့်ပြုရန်၊

၄။ Covid-19 ကပ်ရောဂါကာလ ပြည်သူများ အတိဒုက္ခရောက်နေသည့်အချိန်တွင် နိုင်ငံတကာအဖွဲ့အစည်းများမှ ပေးအပ်သော လူသားချင်းစာနာမှု အကူအညီအထောက်အပံ့များကိုလည်း ပိတ်ပင်တားဆီးမှုမရှိဘဲ လွတ်လပ်စွာ ကူညီထောက်ပံ့ခွင့်ပြုရန်နှင့်

၅။ Covid-19 ကပ်ရောဂါကြောင့် စိတ်ထိခိုက်နေရသည့် ပြည်သူများအား ဧည့်စာရင်းတိုင်ကြားနေရခြင်း၊ ကား၊ ဆိုယ်ကယ်ဖြင့် သွားလာနေကြသူများအား အစိုးရဘက်မှ လက်နက်အပြည့်အစုံဖြင့် စစ်ဆေးမှုပြုလုပ်နေခြင်းများသည် ပြည်သူများကို စိတ်ဓာတ်ရေးရာအရ ဘဝလုံခြုံမှုမရှိဟု ခံစားရစေပါသည်။ ထို့ကြောင့် တည်ငြိမ်စပြုနေပြီဖြစ်သော ရခိုင်ပြည်နယ်အတွင်း၌ မလိုလားအပ်သော ဤသို့ ပြုမှုဆောင်ရွက်ချက်များအား ဆက်လက်မပြုလုပ်ရန် စသည့်အချက်များဖြစ်သည်။

ယခုတောင်းဆိုချက်များနှင့်ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီအတွင်းရေးမှူး ဦးခိုင်ပြည်စိုးအား ဆက်သွယ်ခဲ့သော်လည်း ပါတီဥက္ကဋ္ဌကို မေးမြန်းရန်ပြောသည်။

ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိသေးပါ။

Most read this week

August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...
August 3, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း...
August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...