ကန်ပက်လက်မြို့နယ် ခွဲလုံသာရွာ မီးလောင်မှု လူ ၃ ဦး သေဆုံး

ကန်ပက်လက်မြို့နယ် ခွဲလုံသာရွာ မီးလောင်မှု လူ ၃ ဦး သေဆုံး

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ခွဲလုံသာကျေးရွာတွင် သြဂုတ်လ ၈ ရက်နေ့  ည ၁၂ နာရီ ဝန်းကျင်ကစပြီး လူနေအိမ်တလုံး မီးလောင်မှုဖြစ်ပွားခြင်းကြောင့် အသက် ၇၈ အရွယ် အဘိုးအိုနှင့် မြေး ၂ ယောက် သေဆုံးသွားသည်ဟု သိရသည်။

“မီးလောင်တာက မနေ့ညက ၁၂ နာရီလောက်ကနေ စလောင်တယ်လို့ ခန့်မှန်းကြတယ်၊ ရွာကလူတွေက ၂ နာရီလောက်မှာပဲသိရတော့ အိမ်တခုလုံး မီးကျွမ်းပြီိး။ အဲ့အိမ်မှာက အဖိုးရယ် မြေး ၂ ယောက်ရယ် ၃ ယောက်ပဲနေတာ၊ မီးလောင်တဲ့ထဲမှာပဲ ၃ ယောက်စလုံး သေဆုံးသွားကြတယ်၊ ကလေးရဲ့ မိဘတွေက ဥယျာဉ်သွားကြတာလို့ သိရတယ်၊ အဲ့အိမ်ကလည်း ရွာထိပ်မှာပဲ သီးသန့်လေးဖြစ်တယ်၊ ဆိုလာဘက်ထရီကနေပြီး ရှော့ခ်ဖြစ်ပြီး လောင်တာလို့ပြောကြတယ်” ဟု ကန်ပလက်မြို့နယ် ကြက်ခြေနီအသင်းက အဖွဲ့ဝင်တစ်ဦးက ပြောသည်။

မီးလောင်မှုကြောင့် သေဆုံးသူများမှာ အသက် ၇၈ နှစ်အရွယ် အဖိုးအိုနှင့် မြေး ၂ ယောက်ဖြစ်သည့်  ၁၂ နှစ်အရွယ် မိန်းကလေးနှင့် ၉ နှစ်အရွယ် မိန်းကလေးတို့ ဖြစ်ကြသည်ဟု သိရသည်။

ခွဲလုံသာကျေးရွာသည် ကန်ပက်လက်မြို့နှင့် မိုင် ၃၀ ကျော်ဝန်းကျင်ခန့်ကွာဝေးပြီး ၎င်းမီးဘေးသင့် မိသားစုဝင်အတွက် ကန်ပက်လက်မြို့နယ် ကြက်ခြေနီအသင်းက ကူညီထောက်ပံ့မှုများလည်းရှိသည်ဟု သိရသည်။

May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...