ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ၁ ဦးနှင့် သံသယလူနာ ၄ ဦး သေဆုံး

ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ၁ ဦးနှင့် သံသယလူနာ ၄ ဦး သေဆုံး

ကလေးမြို့တွင် ကိုဗစ်၁၉ ရောဂါ ပိုးတွေ့လူနာ ၁ ဦး သံသယလူနာ ၄ ဦး စုစုပေါင်း ၅ ဦး ယမန်နေ့ကသေဆုံးကြောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့ထံမှ သိရသည်။

"ဒီနေ့သေဆုံးသူ အားလုံးက ၅ ဦးရှိတယ်၊ တိုင်းရင်းဆေးရုံက Positive ၁ ဦး ရှိတယ်၊ ရောဂါအခံရှိတယ်၊ အသက်ကြီးပိုင်းဖြစ်တယ်၊ ပြည်သူ့ဆေးရုံနဲ့ အိတ်စွတ် ကွာရန်တင်းစင်တာမှာ မရှိဘူ၊း ကျန် ၄ ယောက်က သံသယလူနာအဖြစ် သဂြိုလ်ပေးရတယ်" ဟု ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး Volunteer မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ဇူလိုင်လ ၁ ရက်နေ့မှ ဩဂုတ် ၉ ရက်နေ့အထိ ကိုဗစ် Positive လူနာ ၁၀၂ ဦးနှင့် သံသယလူနာ (၅၇၂) ဦး စုစုပေါင်း (၆၇၄) ဦး သေဆုံးပြီဟု သိရသည်။

May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...