ကိုဗစ်ကာလ မသန်စွမ်းသူများ အခက်အခဲရှိ၍ သီးသန့်ထောက်ပံ့မှုများ လိုအပ်နေဟုဆို

ကိုဗစ်ကာလ မသန်စွမ်းသူများ အခက်အခဲရှိ၍ သီးသန့်ထောက်ပံ့မှုများ လိုအပ်နေဟုဆို
ဓာတ်ပုံ - ရခိုင်မသန်စွမ်းဥက္ကဋ္ဌ ဦးလှမြင့်
ဓာတ်ပုံ - ရခိုင်မသန်စွမ်းဥက္ကဋ္ဌ ဦးလှမြင့်

၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်းစာရင်းအရ ရခိုင်ပြည်နယ်တွင် မသန်စွမ်းသူပေါင်း ၅၀၅,၅၀၃ ဦးအထိရှိပြီး ထိုမသန်စွမ်းသူများအတွက် ကိုဗစ်ကာလတွင် အထောက်အပံ့များလိုအပ်နေကြောင်း မသန်စွမ်းသူများအရေး ဆောင်ရွက်နေသူများက ပြောသည်။

ရခိုင်ပြည်နယ် မသန်းစွမ်းသူများအဖွဲ့ ဥက္ကဋ္ဌ ဦးလှမြင့်က "ကျနော်တို့အတွက်တော့ အခက်အခဲကတော့ ပေါင်းစုံပါပဲ။ အထောက်အပံ့တွေတော့ ရတယ်။ ဒါပေမယ့်လူ ၁၀၀ မှ ၉၀ လောက်ကတော့ လိုအပ်ချက်တွေ များနေပါတယ်။ ပညာရေးပိုင်းမှာဆိုရင်လည်း အရင်တုန်းကဆို မသန်စွမ်းသူတွေကို ခွဲခြားပြီး နှိမ်ပြီး လူရာမသွင်းတာမျိုးရှိတယ်။ ခုနောက်ပိုင်းမှာတော့ အဲ့လိုတွေ သိပ်မရှိတော့ဘူး။ စားဝတ်နေရေးအတွက် ထောက်ပံ့တာတွေရှိပေမယ့်လည်း မလုံလောက်ဘူး" ဟု နိရဉ္စရာကိုပြောသည်။

ကူးစက်မြန် ကိုဗစ်တတိယလှိုင်းအတွင်း လက်လုပ်လက်စားပြည်သူ့အချို့ စားဝတ်နေရေး အခက်အခဲဖြစ်နေသလို့ ပြည်နယ်အတွင်းက မသန်စွမ်း သူများလည်း စားဝတ်နေရေးအခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း၊ ကိုဗစ်ကာလအတွင်း မသန်စွမ်းသူများမှာ အလုပ်အကိုင် စားဝတ်နေရေး အဆင်မပြေဖြစ်နေသဖြင့် အကူအညီ အထောက်အပံ့များလိုအပ်နေကြောင်း၊ ရခိုင်ပြည်နယ်တွင် မသန်စွမ်းသူ ၅ သိန်းကျော်ရှိကြောင်း ၎င်းကပြောသည်။

မသန်စွမ်းအဖွဲ့ဝင် မခင်ယဥ်ဇော်က "ကျမတိုအတွက်တော့ ကျန်းမာရေးကအစ ဆေးကဒ်တွေ အထောက်အပံ့လိုတယ်။ အလုပ်လည်းမရဘူး။ မသန်စွမ်းဆိုတော့။ အခုဆို အထောက်အပံ့မရတာ ၂ လ၊ ၃ လလောက်ရှိပြီ" ဟု ပြောသည်။

၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်သည့် စာရင်းအရ မြန်မာနိုင်ငံ မသန်စွမ်းသူဦးရေ ၅,၉၆၈,၉၈၆ ဦးရှိပြီး ရခိုင်ပြည်နယ်တွင် ၅၀၅,၅၀၃ ဦးရှိကြောင်း ဖော်ပြထားသည်။

၎င်းအရေအတွက်မှာ ရခိုင်တစ်ပြည်နယ်လုံး လူဦးရေ၏ ၁၇.၃ ရာခိုင်နှုန်းရှိကြောင်း၊ ထိုအထဲတွင် အမြင်မသန်စွမ်းသူ ၂၀၇,၀၁၂ ဦးနှင့် အကြားမသန်စွမ်းသူ ၁၁၀,၂၆၄ ဦးရှိကြောင်း အဆိုပါစာရင်းတွင် ဖော်ပြထားသည်။

Most read this week

August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...
August 3, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း...
August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...