စစ်တွေတွင် ဧည့်စာရင်းတိုင်ကြားရန် အသံချဲ့စက်ဖြင့်ကြေညာ

စစ်တွေတွင် ဧည့်စာရင်းတိုင်ကြားရန် အသံချဲ့စက်ဖြင့်ကြေညာ

ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် ဧည့်စာရင်းတိုင်ကြားရန် မြို့နယ်ထွေ/အုပ်က ယမန်နေ့ ညနေပိုင်းက မြို့ပေါ်နေရာအနှံ့တွင် ကားပေါ် အသံချဲ့စက်တင်ကာ လိုက်လံကြေညာနေကြောင်း သိရသည်။

စစ်တွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူး ဦးကျော်လွင်က "ပြည်နယ်ကနေ အစည်းအဝေးဆုံးဖြတ်ချက် ထွက်လာလို့ ဒေသခံပြည်သူတွေသိရအောင်ဆိုပြီးတော့ သိရှိလိုက်နာနိုင်အောင် ကြေညာနေတာပါ။ လုံခြုံရေးအရ လိုအပ်တဲ့အခါမှာ စစ်မယ်ပေါ့၊ စစ်မှာပေါ့။ အဲ့လိုသဘောမျိုးပေါ့" ဟု နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ဧည့်စာရင်းတိုင်ကြားမှု၊ စစ်ဆေးမှု မရှိသေးသော်လည်း မနေ့က ထွေအုပ်အစည်းအဝေးတွင် ဧည့်စာရင်းတိုင်ကြားမည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်ဟု စစ်တွေမြို့၊ လမ်းမတော်တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောသည်။

"မနေ့က အစည်းအဝေးမှာတော့ ဧည့်စာရင်းစစ်မယ်ဆိုပြီး ပြောတယ်။ ဘယ်နေ့စစ်မယ်ဆိုတာတို့၊ တခြား ဘာမှမပြောလိုက်ဘူး" ဟု ၎င်းက ပြောဆိုသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် အနောက်ပိုင်းတိုင်းမှူးတို့ သြဂုတ်လ ၅ ရက်နေ့ ပြုလုပ်သည့် အစည်းအဝေးတွင် လုံခြုံရေးနှင့် ကိုဗစ်ကာကွယ်ရေး အတွက် နေ့/ည လှည့်ကင်းများ ဆောင်ရွက်မည်ဖြစ်သလို ဧည့်စာရင်းတိုင်ကြားခြင်း၊ စစ်ဆေးခြင်းများလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

လက်ရှိ စစ်တွေတွင် လုံခြုံရေး တိုးမြှင့်ချထားမှုများရှိသလို စစ်တပ်နှင့်ရဲ ပူးပေါင်းတပ်ဖွဲ့က ဆိုင်ကယ်နှင့် သွားလာသူများကို စစ်ဆေးမှုများရှိနေကြောင်း သိရသည်။

 
 

 

 

May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...