ဗန်းမော်မြို့နဲ့ ရွှေကူမြို့ကို လော့ဒေါင်း ၂ ပတ်ထပ်တိုးချမှတ်ရန် ကြေညာ

ဗန်းမော်မြို့နဲ့ ရွှေကူမြို့ကို လော့ဒေါင်း ၂ ပတ်ထပ်တိုးချမှတ်ရန် ကြေညာ

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်နဲ့‌ ရွှေကူမြို့နယ်တွင် ဩဂုတ်လ (၁၀) ရက်နေ့မှ (၂၄) ရက်နေ့ထိ လော့ဒေါင်း ထပ်မံချမှတ်သွားမည်ဖြစ်သည့်အတွက် ပြည်သူများ လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရန် ယနေ့မြို့အတွင်းရှိ ရပ်ကွက်များတွင် အော်လံဖြင့် လိုက်လံဆော်ဩနေကြောင်း ပြည်သူများထံမှ သိရသည်။

"ကျမတို့ရပ်ကွက်ဘက်ကတော့ ခုနကလာအော်သွားတယ်၊ ရပ်ကွက်တစ်ခုနဲ့တစ်ခု သွားလာတာတွေ မလုပ်ရဘူး နေအိမ်ပြင်ပ ထွက်တာတွေမလုပ်ရဘူးတဲ့" ဟု ဗန်းမော်ဒေသခံတစ်ဦးက ပြောသည်။

‌လော့ဒေါင်းကာလတွင် နေအိမ်ပြင်ပသွားလာမှုကို ယခင်ထက်ပိုမိုတင်းကြပ်ကာ လမ်းသွယ်၊ လမ်းကြားများ၊ လမ်းမကြီးများတွင် အတားအဆီးများပြုလုပ်ကာ ကြပ်မတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်တစ်ပြည်လုံး ဩဂုတ်လ (၁၀) ရက်နေ့မှ (၂၄) ရက်နေ့ထိ မြို့နယ်အသီးသီးတွက် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမူထိန်းချုပ်နိုင်ရန် လော့ဒေါင်း (၂) ပတ် ချမှတ်မည်ဆိုသည့် အမိန့်စာတစ်စောင် လူမူကွန်ယက်စာမျက်နှာတွင် ပြန့်နှံ့လျှက်ရှိနေပြီး အချို့မြို့နယ်များတွင် ယင်းအမိန်းစာအတိုင်း လိုက်လံဆော်ဩမှုများရှိနေ‌ကြောင်း သိရသည်။

"ကျနော်တို့မှာလည်း (၂) ပတ် လော့ဒ်ေဒါင်းချမှာဖြစ်တဲ့အတွက် လိုအပ်တာတွေကြိုတင်ပြင်ဆင်ထားကြဖို့ ဆော်ဩနေကြတယ်" ဟု ရွှေကူဒေသခံတစ်ဦးက ပြောသည်။

ယင်းအမိန့်စာနဲ့ပတ်သက်ပြီး ပြည်နယ်မှအမှန်တစ်ကယ် ထုတ်ပြန်ခြင်း ဟုတ်/မဟုတ် အတည်ပြုနိုင်ရန်အတွက် ပြည်နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေး‌ပေါ်ကော်မတီထံ ဆက်သွယ်မေးမြန်းရာတွင် ၎င်းတို့၌ ဖြေကြားပိုင်ခွင့်မရှိကြောင်း ပြောဆိုခဲ့သည်။

ဒါ့အပြင် မြစ်ကြီးနားမြို့နယ်တွင်လည်း ယင်းကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းရာတွင် တိတိကျကျဖြေကြားပေးခြင်းမရှိဘဲ ဩဂုတ်လ ၈ ရက်၊ ၉ ရက်‌မှစကာ Stay at Home စည်းကမ်းချက်များ ပြည်သူများအား အသိပေးနိုးဆော်မူများပြုလုပ်ကာ ကြပ်မတ်သွားမည်ဖြစ်ကြောင်းသာ ဖြေကြားခဲ့သည်။

"ကျနော်တို့က ဒီရက်ပိုင်း Stay at Home စည်းကမ်းချက်အတိုင်းနေထိုင်ကြဖို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ ရပ်ကျေးအဖွဲ့ပေါင်းပြီး ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သွားဖို့တော့ရှိပါတယ်" ဟု မြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကချင်ပြည်နယ်တစ်ပြည်နယ်လုံးတွင် မြို့နယ် ၁၈ မြို့နယ်ရှိသည့်အနက် (၅) မြို့နယ်သည် Stay at Home မြို့နယ်တွင် ပါဝင်ကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ကြေညာထားသည်။

 
 

 

 

May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...
May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...